ပျော်ရွှင်စေခြင်း=ချစ်ခြင်း❤️

452 106 29
                                    

Unicode ~~~

လျစ်လျူရှုတယ်ဆိုတာ သိပ်ကို အကျည်းတန်တဲ့စကားပဲ။မင်းဆီက လျစ်လျူရှုခံရတဲ့အခါ ဒီကောင်မှာ ရူးမတတ်ပဲ ခံနိုင်ရည်တွေပျောက်ရှတယ်။

***Boyfriend No.2***
အတန်းတက်တဲ့တချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ နေရသူဟာ ကိုယ်ဖြစ်ပြီး လျစ်လျူရှုခံရသူဟာလည်းကိုယ်ဖြစ်နေခဲ့တယ်။

"ဟိတ်ကောင်~~မင်းမျက်လုံးကျွတ်ပြီး သွားကပ်နေမယ်။"

ဘယ်အချိန်တရေးနိုးပြီး ရောက်လာမှန်းမသိတဲ့ မင်ယွန်ဂီက သူ့ပုံစံကို မြင်တော့ ခပ်ထေ့ထေ့စကားကိုဆိုသည်။

"အဲ့လောက်လဲ မဟုတ်ပါဘူးကွာ~ မင်းကလည်း"

ဒါဟာ အရှက်ပြေပြောတဲ့စကား။ဖြစ်နိုင်ရင် အဲ့ကောင်ပြောသလို မျက်လုံးကျွတ်ပြီး သွားကပ်နေလည်း အဆင်ပြေတာပဲ။ဖြစ်နိုင်ရင်ကိုယ့်မျက်လုံးထဲမှာ မင်းရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုပဲ အချိန်ပြည့်သိမ်းထားချင်တာ။

"ကြည့်လုပ်နော် ~ငါကကွေ့ဝှိုက်နေတာတွေ စိတ်မရှည်ဘူး။မျက်လုံးထဲ ဒီထက်ပိုထောင့်မကျိုးရင် မင်းအစားငါသွားဖွင့်ပြောပေးမယ်။"

"ဟာ~~မင်းကလည်း ငါ့ဘာသာ ငါ့feeling နဲ့အေးဆေးနေပါရစေကွာ။အဲ့လိုမလုပ်ပါနဲ့။"

ဂျောင်ကုရဲ့ ပြာပြာသလဲ တားမြစ်မှုကြောင့် မင်ယွန်ဂီရော ဂျောင်ဟိုဆော့ရော ခေါင်းတခါခါဖြင့်။

"ပြောမနေနဲ့တော့ ယွန်ဂီရေ ငါနဲ့လည်း နေ့လည်က ကန်တင်းမှာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားပြောပြီးပြီ။"

ဟိုဆော့ကလည်း ကျွန်တော့်ကို လက်လျော့လိုက်ပုံပါပဲ။ငယ်သူငယ်ချင်းတွေဖြစ်သည့်အလျောက် သူ့သူငယ်ချင်းခံစားရတာ မကြည့်ရက်တဲ့ သူ့တို့ရဲ့ စိတ်သဘောထားကို နားလည်ပေးလို့ရပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်လဲ ဆော့ဂျင်ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ပါသေးသည်။သို့သော် ဝေးသွားမလားဆိုတဲ့ စိတ်က ချစ်စကားတွေကို ချုပ်ကိုင်သည်။

ချစ်တယ်ဆိုတဲ့ စိတ်ရှိသ၍ နာကျင်နေရမယ်ဆိုရင်တောင် ကျေနပ်နေရဦးမှာပဲ။သိပ်ချစ်မိလို့ မလွတ်မြောက်ချင်ဘူး။ဒီသံယောဇဉ်ရပ်ဝန်းထဲမှာပဲ ပိတ်မိနေချင်သေးတယ်။

Boyfriend No.2Where stories live. Discover now