Unicode;
"ဂျောင်ကု မင်း ဒီအိမ်ကို ဘယ်လောက်နဲ့ဝယ်လိုက်တာလဲ!"ဆော့ဂျင် အိမ်ထဲရောက်ရောက်ချင်း အဝတ်အစားအိတ်ကို ကြမ်းပြင်ပေါ်ဆောင့်ချလိုက်ရင်း နောက်ကပါတဲ့ဂျောင်ကုကို စိတ်တိုနေမှန်းသိသာနေသော လေသံဖြင့်မေးလိုက်သည်..
"မင်းငါ့ကို အမှန်တိုင်းဖြေ ဂျောင်ကု! အိမ်ဝယ်ဖို့ပိုက်ဆံတွေ ပိုနေသေးတယ်မလား"
"Hyung ကလဲ ဒီအိမ်ကလေ ဈေးသက်သာပေမဲ့ ကြည့်ပါလား ဘယ်လောက်ကြီးလိုက်သလဲ"
အိမ်ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ကာ သူ့အပြစ်သူဖုံးနေတဲ့ ဒီသကောင့်သားကို ဆော့ဂျင်ဒေါသထွက်ပြီးရင်း ထွက်လာသည်..ဂျောင်ကု သူနဲ့စတွဲကတည်းက ကပ်စီးနဲမှန်းသိနေပေမဲ့ လက်ထပ်ပြီးရင်တော့ သူ့အကျင့်သူပြင်မှာပါဆိုတဲ့အတွေးနဲ့ ဆော့ဂျင်သူနဲ့ပေါင်းဖက်ဖို့ နှစ်ဖက်လူကြီးမိဘတွေကိုအသိပေးပြီး ရုံးတက်လက်မှတ်ထိုးခဲ့သည်..
အခု အတူနေဖို့အိမ်ကိုလဲ နှစ်ယောက်လုံးက လခစားအစိုးရဝန်ထမ်းတွေ ဖြစ်ကြတာမလို့ ရည်းစားဘဝတည်းက ပိုက်ဆံအတူစုပြီး လုံလောက်ပြီဆိုမှ အိမ်ဝယ်ဖို့ကိစ္စအလုံးစုံကို ဂျောင်ကုအားတာဝန်ပေးခဲ့တာမလို့ အခုတော့ ဆော့ဂျင်တစ်ယောက် အမှားကြီးမှားသွားခဲ့လေပြီ..
"အခုပိုတဲ့ပိုက်ဆံတွေရော"
"ဘဏ်ထဲမှာ သိမ်းထားတယ် တကယ်တော့လေ Hyung ကျွန်တော့်ကိုချီးကျူးသင့်တာ အခုခေတ်မှာ ထက်ဝက်ဈေးနဲ့ ဒီလိုအိမ်ကြီးရဖို့ဆိုတာ လွယ်တယ်ထင်လို့လား"
အခုထိ သူ့ကိုယ်သူအပြစ်လုံးဝကင်းစင်သလို ပြောဆိုနေတဲ့ဂျောင်ကုကို ဆော့ဂျင်သည်းမခံနိုင်တော့..
"မင်းဝယ်တဲ့အိမ်ကို မင်းပြန်ကြည့်! နှစ်ထပ်တိုက် တစ်အိမ်လုံးလဲ ဖုန်တွေ ပင့်ကူမျှင်တွေ လူမနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ ကြည့်ရုံနဲ့သိသာတယ်..မီးလဲမရှိဘူး ချောင်ကျတဲ့မြို့အစွန်းအဖျားမှာ မင်းဝယ်ထားတာကို ပိုဆိုးတာက အလုပ်နဲ့အဝေးကြီးမှာ အခုအလုပ်သွားဖို့ ဘယ်လိုစီစဉ်ကြမလဲ"