i dun want to be your friend i wanna kiss your lips.

2.2K 200 31
                                    

"ဆောင်းဟွန်း ဟန်ဆယ်‌မီက မင်းကိုကြိုက်နေတာတဲ့"

နောက်ခုံက ထယ်ဟွန်းစကားကြောင့် မိန်းကလေးခုံတန်းဘက်မှ ဒုတိယမြောက်ခုံမှ ဆယ်မီ့ကို ဆောင်းဟွန်း တစ်ချက်လှည့်ကြည့်လိုက်သည်။ သူကြည့်နေတာ သိလို့ထင်သည်၊ ရုတ်တရက် သူမရဲ့ပုံသွင်းထားတဲ့ ဆံပင်ကောက်ကောက်ကို လက်ဖြင့်သပ်ကာ အထာပေးနေဟန်။ ဆောင်းဟွန်းက ဟက် ခနဲတစ်ချက်ရယ်လိုက်ရင်း

" ဆယ်မီ့ကို ပြန်ပြောလိုက်။ *အလှလေးကိုငြင်းရက်စရာအကြောင်းရှိပါ့မလား* လို့။

ဒီလိုပါပဲ။ ဒါမျိုးတွေက ဆောင်းဟွန်းအတွက် နေ့တိုင်းကြုံနေရတဲ့အရာ‌မျိုးတွေ။ အမေမွေးပေးတဲ့မွေးရာပါရုပ်လေးက ချောတဲ့အပြင် flirting skill ကလည်း next lvl မှာမလို့ သူဒီလောက်ရှုပ်တာတောင် မိန်းကလေးတိုင်းက ၁ရက်ပဲတွဲမယ် ဆိုတောင် အကုန်တွဲဖို့ တန်းစီစောင့်ကြမယ့်ပုံပင်။
ဆောင်းဟွန်းကတော့ တက္ကသိုလ်ကျောင်းသားပီပီ အချစ်ထက် လူငယ်သ‌ဘာဝပျော်ချင်သည့်သဘောသာ။ playboy လေးပေမယ့် ရိုးသားတဲ့ဆောင်းဟူးဟူးပင်။ တွဲခဲ့သမျှ တစ်ဖက်မိန်းကလေးအပေါ်များ တခြားစိတ်ဘာမျှမရှိပေ။ ဒါကြောင့်လည်း သူတို့ university မှာဆို *ဆောင်းဟွန်းနဲ့ တွဲရတာ ပျော်ဖို့ကောင်းတယ်* ဆိုတာက သူနဲ့တွဲခဲ့ဖူးသည့် မိန်းကလေးတိုင်းဆီက ပြန်ကြားရတတ်သည့်စကား။
•••
ဆောင်းဟွန်းမှာက အရင်းနှီးဆုံးသူငယ်ချင်းဆိုလို့လည်း များများစားစားမရှိ ဂျုံဆောင်းနဲ့ဂျယ်ယွန်းသာ။ ဂျုံဆောင်းကတော့ သူ့ဂျူနီယာလေးနဲ့ အဆင်ပြေနေတော့ သူနဲ့ဂျယ်ယွန်းကိုပင် သတိမရနိုင်တော့လောက်‌အောင် အချစ်နွန်ထဲနစ်နေသည်။ဆောင်းဟွန်းကရည်းစားများသလောက် ဂျယ်ယွန်းကတော့ လောကီ‌ေရးကိုစိတ်ကုန်နေသည်ဟု ထင်မိသည်။ စဉ်းစားကြည့်တော့ ဂျယ်ယွန်းက တက္ကသိုလ်ဒုတိယနှစ်သာရောက်တာ အပျော်အပါးမပြောနဲ့ canteen တောင် ကြာကြာထိုင်တဲ့လူမဟုတ်။ ဂျယ်ယွန်းတို့နဲ့က ဟိုးအလယ်တန်းလောက်တည်းက လည်ပင်းဖက်ပေါင်းလာကြသည့် သူငယ်ချင်းတွေမို့ တစ်ယောက်အ‌ကြောင်းတစ်ယောက် နောကျေကြပြီသားပင်။
•••
" ငါတို့ဂျယ်ယွန်းနီး~~~"

bff or bf (SUNGJAKE One Shot)Où les histoires vivent. Découvrez maintenant