Zawgyi

423 16 0
                                    

ပြေးလမ်းတစ်ခု။
ဝီစီသံနှစ်ချက် ဆက်တိုက်ကြားပြီးချိန်မှာ ပြေးလမ်းစမှတ်ပေါ်မှာ တင်ကျန်ခဲ့တာက ဖုန်မှုန့်တွေသာဖြစ်သည်။

ထွက်ခွာသွားပြီးသော လူနှစ်ယောက်ကတော့ သူ,မသာကိုယ်မရှုံး အစွမ်းကုန်ပြေးနေကြသည်။ headband ပါပါလျက် အနောက်ဘက်သို့ လွင့်နေတဲ့ဆံပင်တွေက လေတွေတိုက်နေတာကြောင့် မဟုတ်ဘဲ ပြေးနေတဲ့အရှိန်ကြောင့် လေကိုတိုးမိနေခြင်းသာဖြစ်သည်။

၃ နှင့် ၄ ။
Hwang Hyunjin နဲ့ Kim Seungmin ။

တူညီသလိုနှင့် ကွဲပြားနေတဲ့ လူနှစ်ဦး။
အမြဲ နီးကပ်စွာ ရှိနေခဲ့ကြပေမဲ့ တစ်ချိန်တည်းမှာပဲ ဝေးကွာနေသယောင်။

တာတိုပြေးကလပ်ရဲ့ ထိပ်တန်းကစားသမားနှစ်ဦး။
မတိမ်းမယိမ်း record တွေက ဘယ်သူပိုတော်ပါတယ် ပြောမရတဲ့အထိပေါ့။

ပြေးလမ်းတစ်ခုတည်းမှာ တူညီတဲ့ပန်းတိုင်ဆီသို့ ဦးတည်နေတဲ့လူနှစ်ယောက်ရဲ့ ပကတိပက်သက်မှုက နှစ်မျိုးသာ ဖြစ်နိုင်သည်။

မိတ်ဆွေတွေ ဒါမှမဟုတ်ရင် ရန်သူတွေ ။

ရန်သူရယ်လို့ ခေါင်းစဉ်တပ်လို့ ရပါရဲ့လား မသိပေမဲ့
သေချာတာကတော့ မိတ်ဆွေတွေ မဟုတ်ကြောင်းပင်။

အနိုင်လိုချင်စိတ်ပြင်းပြတဲ့ လူနှစ်ယောက်ကို ပြိုင်ဘက်တွေအဖြစ် အစဉ်ချလိုက်တဲ့အခါ ပြိုင်ပွဲက ပြင်းထန်သွားတာ။ ဒီလိုမျိုးပါပဲ။

လေးဆွဲသော ဝီစီသံကို ကြားရချိန်မှာ တစ်ဦးတစ်ယောက်ကတော့ ပန်းဝင်သွားခဲ့ပြီဖြစ်သည်။

Hyunjin မျက်နှာက အပြုံးတွေသည် ပြေးလမ်းပေါ်သို့ စိတ်ပျက်မောဟိုက်စွာ လှဲချလိုက်တဲ့ Seungmin ရဲ့ မျက်နှာအမူအရာနှင့် တခြားစီဖြစ်သည်။

အောင်နိုင်ခြင်းဆိုတာကို လက်ကိုင်ရင်း Seungmin ဘက်သို့ မျကိခုံးတစ်ချက်ပင့်ကာ Hyunjin ပြုံးလိုက်သည်။ တစ်ဖက်ကောင်လေးကတော့ မခံမရပ်နိုင်စွာပဲ ပြေးလမ်းကြမ်းပြင်ကို လက်သီးအခြေဖြင့် ဆောင့်ချမိသည်။

သူ့ရဲ့ရှုံးနိမ့်မှုကို လက်မခံနိုင်တာ မဟုတ်ဘဲ
Hyunjin ရဲ့ အနိုင်ယူမှုကို ခံပြင်းလွန်းတာဖြစ်သည်။

 Parallels • 황승Where stories live. Discover now