5 : ဝမ်ဟာ အရုပ်တစ်ရုပ်ဖြစ်နေပြီလား?

1K 109 29
                                    

"ဒါက ကြင်ယာတော်ဝမ်...ကြင်ယာတော်ဝမ် လုပ်ခိုင်းလို့ပါ"

"ဘာ!"

အခမ်းအနားတစ်ခုလုံး တီးတိုးပြောဆိုသံတို့ဖြင့် ပြည့်နှက်ကုန်သည်။
တကယ်ပဲ ကြင်ယာတော်ဝမ်က ကြံစည်ခဲ့လေသလား။

ကြင်ယာတော်ဝမ်ဟာ မျက်လွှာကိုအသာချကာ သက်ပျင်းသဲ့သဲ့ချသည်။ သို့သော် ကြောက်ရွံ့တုန်လှုပ်ဟန်မရှိ။
အနောက်ဘက်ရှိရှောင်းကျန့်ကတော့ ထိုစားဖိုဆောင်မှနန်းတွင်းသူအား စူးစိုက်၍ကြည့်နေသည်။
ဓါးအိမ်အား တင်းမာနေအောင်ကိုင်ထားကာ တစ်ခုခုဆိုလျှင် ကြင်ယာတော်ဝမ်၏အရှေ့မှနေ၍ မားမားမတ်မတ်ကာကွယ်ပေးမည့်ဟန်ပင်။

"ရှန်အရှင်Sean...ဒီသံတမန်က ရှောင်းဧကရာဇ်စေလွှတ်လိုက်တဲ့ကိုယ်စားလှယ်ပေမို့ ရှောင်းဧကရာဇ်လိုပဲ သဘောထားရမှာမဟုတ်ပေဘူးလား"

"ဆိုလိုချင်တာကို ကိုယ်တော်နားလည်လက်ခံပါတယ် သံအမတ်ကြီး...သို့ပေမယ့်"

"ဒီအမှုကိစ္စကို ရှန်အရှင်က ကြင်ယာတော်နေနေ မိဖုရားနေနေ တရားမျှတစွာနဲ့ဖြေရှင်းပေးမယ်လို့ ဒီသံတမန်ယုံကြည်နေမယ်"

သံအမတ်ကြီးရဲ့စကားကြောင့် ရှောင်းကျန့်၏မျက်မှောင်တို့ စုကျုံ့သွားသလို Seanဟာလည်း ပါးရိုးများပင်တင်းသွားသည်။
ဒီသံအမတ်ကြီးက စားဖိုးဆောင်ကနန်းတွင်းသူရဲ့ယိုးစွပ်မှုကိုယုံကြည်ပြီးထောက်ခံနေတာမဟုတ်ဘူးလား။
ဒါဟာ ကြင်ယာတော်ဝမ်က အပြစ်သားတစ်ယောက်ဟု ဆိုလိုလိုက်သလိုဖြစ်နေတာကြောင့် နှစ်ယောက်လုံးဒေါသထွက်သွားသည်မှာ အမှန်။

"ဒီကိစ္စကို ကိုယ်တော်က တရားမျှတစွာနဲ့ဖြေရှင်းပေးမှာမို့ သံအမတ်ကြီးက နားနားနေနေ နေပါဦး...လာကြစမ်း သံအမတ်ကြီးကို နားနေဆောင်ကိုလိုက်ပို့ကြ"

"အဟမ်း"

ရှောင်းပြည်ထောင်စုက သံအမတ်ကြီးကတော့ ချောင်းသံပြုကာ ဝတ်ရုံစအားခါခက်ပြုပြီး ထွက်သွားလေသည်။

"ကဲ အားလုံးတိတ်ကြစမ်း...ငါကိုယ်တော်မြတ် ဒီနေရာမှာပဲစစ်ဆေးတော်မူမယ်"

အရှင်မင်းကြီးSean၏ ဩဇာငြိမ့်ငြောင်းလှသည့်စကားသံအဆုံးတွင်တော့ အခမ်းအနားတစ်ခုလုံး ငြိမ်ကျသွားတော့၏။

Consort WangWhere stories live. Discover now