'' သားနားနေရောပဲ ဟေး ''
သန့်စင်ခန်းထဲမှ မိမိပုံရိပ်ကို ကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေသော
ဂျိတ်ခ် ဖြစ်သည် ။ခြေထောက်အောက်၌ ခွေကျနေသော လူ၏ ပစ္စည်းမှန်သမျှအဝဝကို
ခရီးဆောင်အိတ်ထဲ ထိုးထည့်တော့ ရုပ်တရက် ထိုလူ၏ ပတ်စပို့က
ထွက်ကျလာသည် ။ရှင်းဂျယ်ယွန်း - အသက် ၂၃
သိပ်ဂရုမထားပဲ ပတ်စပို့ကို ကျောပိုးအိတ်ထဲထိုးထည့်လိုက်ပြီး အခုမှ လေယာဥ်ပေါ်က ဆင်းလာခါစလူလို ဟန်ဆောင်လိုက်သည် ။
အိုး.. ဒီအတိုင်းကျလည်း လူတစ်ယောက်ကို အကြမ်းနည်းနဲ့ ဓားပြတိုက်ထားသည့် လူနှင့် မတူသလိုပါပဲ။
လေဆိပ်ထဲတွင် ဘေးဘီကို
ဂရုမစိုက်ပဲ လျှောက်လာသော်လည်း သူ့လက်မောင်းကို လှမ်းဆွဲသည့်
လက်တစ်စုံကြောင့်ဂျိတ်ခ် အလိုမကျဖြစ်စွာ
လှည့်ကြည့်လိုက်ရသည် ။'' ရှင်းဂျယ်ယွန်းလား ''
သူ အနုကြမ်းစီးခဲ့သည့် လူ၏ နာမည်ကို ကြားသည့်အခါ ဂျိတ်ခ် နည်းနည်းတော့ စိတ်မလုံသလို ဖြစ်သွားပေမဲ့ ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်သည်။
'' မဟုတ်ဘူး ''
''မဖြစ်နိုင်တာ ''
မျက်ခုံးတွေကို တွန့်ချိုးပြီး
ထိုလူက ခပ်တိုးတိုးရေရွယ်သည် ။
ဂျိတ်ခ် မှင်သပ်သွား၏ ။ ဤလူက သိပ်ကြည့်ကောင်းလွန်းနေသည် ။''မင်း ကိုယ်ပေါ်က အင်္ကျီရဲ့ Summer Design က ငါ ကိုယ်တိုင်ဆွဲထားတာ ''
'' သြော် အင်္ကျီကတစ်ထည်တည်း
ရှိတာမှ မဟုတ်ပဲ ''''မဟုတ်ဘူး ဒီတစ်ထည်ပဲ ရှိတာ ။
ရှင်းဂျယ်ယွန်းဆိုတဲ့ လူကို
ငါသီးသန့်လုပ်ပေးထားတာ '''' ဟ ဘလိုင်းကြီး စွပ်စွဲနေတာပဲ ''
ဂျိတ်ခ်၏ ခါးခါးသီးသီး အငြင်းစကားကို ထိုလူက ပိုသဘောမတွေ့ ဖြစ်လာပုံရသည် ။
''မင်း ပတ်စပို့ ငါ့ကိုပြ ။
မင်း ရှင်းဂျယ်ယွန်း မဟုတ်ရင် ငါထွက်သွားပေးမယ် ''ဂျိတ်ခ် ထပ်ပြီး ခါးခါးသီးသီး ငြင်းလိုက်သည် ။
'' ဘာကိစ္စ ပြရမှာလည်း ''