'' သိပြီလား ..
ဘယ်သူက အတုဆိုတာကို ။
အချိန်ဆွဲမနေနဲ့ ဟီဆွန်း ။ အတုတွေကို မြန်မြန်ရှင်းထုတ်မှပေါ့''အီဟီဆွန်း၏ လက်မောင်းကို ဖက်တွယ်ပြီး ဂျိတ်ခ်ဘက်ကို ကြည့်ကာ ပြောပုံက ဆောင့်ကြွားကြွားနှင့် ။
ဂျိတ်ခ်ကတော့ ကျနေသည့် မျက်ရည်တွေကို လက်ဖြင့်ကွယ်ကာ ဖိသုတ်ရင်း
အီဟီဆွန်းချမည့်အမိန့်ကို ငြိမ်ငြိမ်လေး စောင့်နေလေသည် ။ထောင်ထဲထည့်လည်း ဝင်ရမှာဖြစ်သလို ၊ အိမ်ပေါ်က နှင်ချခံရလည်း ဆင်းရုံပင် ။ ဒီ့ထက်တော့ ပိုဆိုးစရာ..
'' ဟင် ''
မထင်မှတ်ထားသည့် အခြေအနေ ။
ရှင်းဂျယ်ယွန်းအစစ်ကို တွန်းထုတ်ပြီး ဂျိတ်ခ်ကို အီဟီဆွန်းက ဆွဲဖက်ပစ်လိုက်ခြင်း ။
ကမ္ဘာကြီးပင် ပြောင်းပြန်လည်သွားသလား မှတ်ရ၏။
'' ဟား..ရူး..ရူးနေတာလား ။ ဒီလောက်အထောက်အထားနဲ့ ရှင်းပြနေတာကိုတောင် ''
'' အဲ့ဒီအသေးအမွှားလေးတွေနဲ့ မင်းကငါ့ဂျယ်ယွန်းလို့ ယုံရမှာလား ''
'' မှတ်ပုံတင်ထက် သေချာတဲ့အထောက်အထားရော ရှိသေးလား ။ ရှိသေးလို့လားလို့ ''
'' ရှိရင်ရှိမှာပေါ့ ကိုယ်လည်း ဘယ်သိမလဲ ။ လာ ဂျယ်ယွန်း အပြင်မှာအရမ်းအေးတယ် အိမ်ထဲသွားရအောင် ''
အတုကောင်ကို တယုတယထွေးဖက်ပြီး အိမ်ထဲခေါ်သွားသည့် မြင်ကွင်းက သောက်ရမ်းကို အား....။
'' ငါxိုးတဲ့မှ အဲ့အရူးက ဘာလို့ငါ့စကားကို မယုံတာလည်းကွ ''
'' ဘန်း ''
''ငါကသာ ရှင်းဂျယ်ယွန်း ။ ငါကသာ အမွေတွေအကုန်ရမယ့် ရှင်းဂျယ်ယွန်း ရှင်းဂျယ်ယွန်း လို့ ''
'' ဘန်း.. ဘန်း.. ဘန်း.. ''
စတီးအမှိုက်ပုံးကြီးကိုသာ
ဒေါသတွေအကုန် ပုံချနေတော့၏။'' ခုနလန့်သွားမှာပဲ
တစ်ခုခုသောက်ချင်လား
ကိုယ်လုပ်ပေးမယ်လေ ''နွေးထွေးပြတော့ ဂျိတ်ခ်မှာ မျက်နှာတွေ ပိုနီရဲလာပြီး မျက်ရည်တွေသာ
ပိုးပိုးပေါက်ပေါက် ကျလာ၏ ။