" ကလေး...MPT Phone Bill 5000 တန် တစ်ကဒ်လောက် "
ထိုအခေါ်အဝေါ်နှင့် အတူ တင်းမာ နေဟန်ရှိသော ပြတ်သားသည့် ထို အသံ။
မီးငယ်၏ စိတ်အစဉ်ကို လွှမ်းမိုး ထားနိုင်စွမ်းသော ထိုအသံ။
ဆိုင်အဝင်ဝ က နေ ကြားလိုက်ရသော ထိုအသံကြောင့် မုန့်ထုတ်များကို စီနေရာက
လှည့်ကြည့်မိသည်။သေချာပါသည်။
မီးငယ်ထက် ၂ နှစ်ခန့် ပိုကြီးမည် ဖြစ်သည့် ထိုအစ်မ။ဂုတ်ပေါ် ကျတစ်ဝက် ဖြစ်နေသော ဆံပင် နက်နက် တို့ကို ခေါင်းစည်းကြိုး အဝါရောင်ဖြင့် ဖြစ်သလို စည်းထားပုံက တကယ်ကို ကပိုကရို။
အိမ်နေရင်းဝတ်ဖြစ်မည့် တွန့်ကြေနေသော
စပန့် ဝမ်းဆက် ခဲပုတ်ရောင် က အစ်မ ၏ ဝင်းဝါသော အသားအရေ ကို အရောင်မှိန်သွားအောင် ပြုလုပ်ခြင်းငှာ မစွမ်းသာဟန် ကြည့်ကောင်းလွန်းနေသည်။" ဟေ့... Phone bill တစ်ကဒ်လို့ "
အသံက ပထမ တစ်ခါထက် ပိုမို ကျယ်လောင်ကာ ပြတ်သားလွန်းနေသည်မို့ လွှင့်စင်နေသော အတွေးစ တို့က ချက်ခြင်း စုစည်းသွားရသည်။
" အာ.... ဟုတ် အစ်မ"
ကပျာကယာပင် Phone Bill ကဒ်များ ထည့်ထားသည့် ဘူး ကို လက်လှမ်းယူ ကာ MPT Bill ကဒ်ကို ဆွဲထုတ်၍ လှမ်းပေးလိုက်ရသည်။
အစ်မ၏ လက်ထဲမှ တစ်သောင်းတန်ကို လှမ်းယူပြီးတော့ ပြန်အမ်းဖို့ ၅၀၀၀ က မရှိနေ။
" အစ်မ... ခဏနော်။ မီးငယ် အမေ့ဆီ အကြွေသွားတောင်းဦးမယ်"
မီးငယ် ပြောသည်ကို ခေါင်းတစ်ချက် ဆတ်ပြကာ ဆိုင်အဝင်ဝ တွင် ချ ထားသည့် ခုံရှေ့၌ ဆောင့်ကြောင့်ထိုင်ချ၍ Bill card ကို ခြစ်နေသော အစ်မ။
အမေ ဆီမှ တစ်ထောင်တန်အကြွေများ ယူလာပြီး ငါးရွက်ကို သေချာဖြန့်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
Bill ထည့်နေသော အစ်မက မီးငယ်ဆီ အာရုံလာဟန် မတူ။
မီးငယ်သည်လည်း ထိုအစ်မ လှုပ်ရှားသမျှကို အသာပင် ရပ်ကြည့်နေလိုက်မိသည်။
မပြေ့တပြေ နှာတံ၏ ထိပ်ပိုင်းတွင် အနည်းငယ် တွန့်နေသည်မို့ မျက်မှောင်ကကြုတ်ထားတာ သိသာလှသည်။
YOU ARE READING
BLACKPINK Comeback Memo (Short story)
Short StoryBLACKPINK COMEBACK အမှတ်တရလေးပါ။ ✨💗