Unicode

1.7K 203 29
                                    

" နှင်းမြူဖွဲတဲ့ဒီဇင်ဘာမှာ
ကိုယ့်အနားကို ​ကြွေဆင်းလာခဲ့တဲ့ မင်း.
​နေခြည်မြူးတဲ့​နွေဦးမှာ​တော့
ကိုယ့်အပါးက လွင့်ပယ်သွားခဲ့တယ်.

အဲ့လိုဖြစ်ခဲ့ရင်​တောင် ​ကျေးဇူးတင်ပါတယ် ​ဆောင်း​ရယ်. အနည်းဆုံး​တော့ အလှပဆုံး​သော ​နွေး​ထွေးတဲ့အမှတ်တရ​တွေကို ကိုယ့်ဆီ ​ဆောင်ကျဥ်း​ပေးခဲ့တာမို့လို့... "

​နေခြည်တို့ မှိန်​ဖျော့သွားတဲ့ ည​နေဆည်းဆာချိန်တစ်ခု။ စူးရှ​နေသ​ယောင်ရှိတဲ့အသံချိုချိုဟာ ​လေထုကိုဖြတ်သန်းပြီး အနက်​ရောင်မိုက်အတွင်း စီးဝင်လာသည်။ အသံ​နေအသံထားနဲ့ ဖတ်သွားခဲ့တဲ့စာစုဟာ နား​ထောင်​ကောင်းသည် ဆိုတာထက်ပင် အပိုအလွန်။ နားဆင်သူကိုပါ စကားလုံး​တွေကြား စီးမျောသွား​စေနိုင်တဲ့ အ​နေအထား။

​လေး​ထောင့်ကျကျ တည်​ဆောက်ထားတဲ့ အသံလုံခန်းထဲမှာ ​ကောင်ငယ်​လေးတစ်ဦးဟာ တစ်ကိုယ်တည်း။ သူ့အပါးမှာ စာရွက်ဖြူတချို့က ပြန့်ကျဲ​နေသည်။ ဝင်​ပေါက်တံခါးနဲ့ တူညီတဲ့ဘက်မှာရှိ​နေတဲ့ မှန်ချပ်​ပေါ်မှာ​တော့ 'On Air' ဆိုတဲ့ မီးနီ​လေးက ​တောက်ပလျက်သာ။

" user2537 ​ပေးပို့လာ​ပေးခဲ့တဲ့ ဆောင်း ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်. အစကတည်းက တဖြည်းဖြည်းချင်း ဆွဲ​ခေါ်သွားခဲ့တဲ့ဇာတ်ရှိန်​ကြောင့် ​ပျော်စရာအဆုံးသတ်ကို ​မျှော်လင့်​နေခဲ့မိတာ. အခု​တော့ဖြင့် ကျွန်​တော့်ရင်ထဲမှာ​တော့ နင့်နင့်နဲနဲပါပဲ.

​ယော​ရောဘွန်းတို့​ရော ဘယ်လိုများ ခံစားခဲ့မိကြသလဲဟင်. ဒီတစ်ခါမှာလည်း ခံစားချက်​တွေကို comment မှာ ချန်ထားခဲ့​ပေးပါဦး "

" ဒီ​နေ့ရဲ့ short shory of moon's SUN အစီအစဥ်မှာ ပါဝင်ချင်တယ်ဆိုရင်​တော့ ka-talk ကနေတစ်ဆင့် ​ပေးပို့ပြီး ပါဝင်နိုင်ပါတယ်. ​နောက်တစ်ပတ်ရဲ့ ဝတ္ထု​ဇာတ်လမ်းလေးက​ရော ဘယ်လိုပုံစံ​လေးများ ဖြစ်နိုင်မလဲ. ကျွန်​တော်က​တော့ အခုကတည်းက ​မျှော်​နေမိပါပြီ​နော် "

" အခုချိန်အထိ နားဆင်​ပေးခဲ့တဲ့​ ယော​ရောဘွန်းတို့အားလုံးကို ကျေးဇူးတင်ပြီး ​ကောင်းမွန်တဲ့တစ်​နေ့တာဖြစ်ဖို့ကိုလည်း ဆု​တောင်း​ပေးပါတယ်.
​ဂျောင်ဝန်းနီးရဲ့ moon's SUN ကို​တော့
ဒီ​လောက်နဲ့ပဲ အဆုံးသတ်လိုက်ပါ​တော့မယ်. ​နောက်တစ်ပတ်မှ ပြန်​တွေ့ကြရ​အောင်. တာ့တာ "

1500 MHz (One Shot) | YANGSUNWhere stories live. Discover now