Unicode
သိပ်မကြာခင်မှာပဲ ဝမ် က အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ ဖြစ်လာတယ်။
ကျောင်းသားတွေနဲ့ လေ့လာရေးခရီးစဥ်ရော ပါတာမို့ တစ်လလောက်တောင် ကြာမယ်ပြောတယ်။
ရှောင်းကျန့်လဲ မလွမ်းမိအောင် အလုပ်ကိုပဲ အာရုံစိုက်ထားလိုက်တယ်...ရှောင်းကျန့်က university မှာ art နဲ့ပတ်သတ်ပြီး လေ့လာခဲ့တာဖြစ်တယ် ကျောင်းပြီးတဲ့နောက်မှာ စီနီယာတွေနဲ့အတူ studio လေးတစ်ခု စပြီးတည်ထောင်ဖြစ်တယ်။
studio သေးသေးလေးဆိုပေမယ့် ရှောင်းကျန့်ရဲ့ ကြိုးစားမှုတွေကြောင့် အခုဆို industry ထဲမှာ နာမည်တစ်ခု ရနေပြီဖြစ်တယ်။နေ့မအား ညမအား ရက်ပေါင်းများစွာ laptop ရှေ့ မှာအလုပ်ထိုင်လုပ်ပြီးတဲ့နောက်မှာတော့ အရေးကြီးတဲ့ client လာအပ်ထားတဲ့ logo တွေအပြီးသတ်နိုင်ခဲ့ပြီးဖြစ်တယ်
အလုပ်အတူလုပ်တဲ့ စီနီယာတွေကပြောတယ်"ကျန့်ကျန့် ....project အပြီးသတ်နိုင်လို့ ဂုဏ်ပြုတဲ့အနေနဲ့ dinner သွားစားရအောင်"
"ဒီည အမူးသောက်ကြမယ်"အဲ့အချိန်မှာပဲ ဝမ့်ဆီက message ဝင်လာခဲ့တယ်
"လေဆိပ်ကို 9:30 pm ရောက်မယ်""အာ..စီနီယာ အားနာပါတယ် ကျွန်တော် မလိုက်ဖြစ်တော့ဘူး
ကျွန်ေတာ် ့အမျိုးသား business trip ကပြန်ရောက်မှာမို့ သွားကြိုရမယ် "
"တကယ်အားနာေပမယ့် နောက်ရက် မှပဲ တစ်ဝိုင်းကျွေးမယ်ဗျာ "
အရမ်းလွမ်းနေတာမို့ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး ဝမ် ရယ်xxxxxxxxxx
ဝမ်ရိပေါ် လေဆိပ်ကို ရောက်ရောက်ချင်းပဲ ယုန်သွားကြီးကြီးတွေနဲ့ လက်ဝှေ့ယမ်းပြနေတဲ့ ရှောင်းကိုတွေ့လိုက်တယ် တကယ်တော့ သူ့ရဲ့ ခြောက်ပေကျော်အရပ်ကြီးနဲ့ Alpha က လူကြားထဲမှာ ရှာစရာမလိုအောင် ထင်းထွက်နေတာကြောင့်ဖြစ်တယ်။