ရန်ကုန်ဆောင်းသည် အရမ်းကြီးမအေးချမ်းသော်လည်း နေရထိုင်ရကောင်းမွန်နေပေသည်။ ရန်ကုန်မြို့ရှိ လမ်းများသည် ည၁၀နာရီအထိ လူများဖြင့်စည်းကား နေတတ်သည်။ သန်လျင်မြို့သည် ညပိုင်းဆိုလျှင် လူများခြောက်ကပ်နေတတ်သည်။ သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် စာရေးဆရာ တာရာ နေထိုင်ခဲ့သည်။ တစ်ရက် ကျွန်ုပ်နှင့်တာရာတို့ဆုံဖြစ်ချိန်တွင် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းလေးတစ်ပုဒ်ကို တာရာကပြောပြသည်။ တာရာနှင့်ကျွန်တော်သည် ငယ်သူငယ်ချင်းများဖြစ်ကြသော်လည်း ညီအစ်ကိုလိုခင်မင်ကြသည်။ တာရာ၏ ဇာတ်လမ်းလေးမှာ-
တာရာသည် စာရေးခြင်းကိုဝါသနာပါသူ ဖြစ်ပြီး တစ္ဆေသရဲ ဝတ္ထုများရေးရာတွင် ကလောင်ထက်သူလည်းဖြစ်သည်။ တစ်ရက် ခရစ္စမတ်ရောက်ဖို့ နှစ်ရက်အလိုတွင် တာရာတစ်ယောက် သူ၏ အိမ်ထဲတွင် တစ္ဆေဇာတ်လမ်းတစ်ပုဒ်ရေးရန်စဉ်စားနေသည်။ ဆောင်းသည် ရန်ကုန်ထက် သန်လျင်မြို့တွင် အအေးပိုပါသည်။ တာရာသည် အနွေးထည်အထူကြီးဝတ်ထားပြီး ဘေးနားတွင် အငွေ့တလူလူပျံနေသော ကော်ဖီခွက်ချထားသည်။ လက်ထဲတွင်ဘောပင်အပြာတစ်ချောင်းကိုကိုင်ထား
ပြီး အရှေ့တွင် စာရွက်ဖြူအလွတ်တစ်ရွက်ချထား
သည်။ ဇာတ်လမ်းရေးရန်စဉ်းစားနေသော်လည်း ခေါင်းထဲမှ မည်သည့်အရာမှထွက်မလာချေ။ ရုတ်တရက်မီးပျက်သွားသောအခါ ရပ်ကွက်တစ်ခုလုံး အမှောင်ကျသွားသည်။ ခွေးအူသံများသည် ရပ်ကွက်တစ်ခုလုံး ဆူညံ့ ပွတ်လောရိုက်ကာ ကောင်းကင်တွင် လရောင်မှေးမှေးလေးကို တိမ်များဖုံးအုပ်ရန်ကြိုစားနေကြသည်။ မီးပျက်သွားချိန်တွင် တာရာသည် သူ့မီးအိမ်ကလေးကိုလိုက်လံရှာဖွေကာ ထွန်းညှိလိုက်သည်။ မီးရောင်ဖျော့ဖျော့လေးကို သူစာရေးသောနေရာသို့ ယူလာကာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် စဉ်းစားနေသည်။ ထိုအချိန်တွင် "ဒေါက် ဒေါက် ဒေါက် " ကျယ်လောင်သော တံခါးခေါက်သံက်ို တာရာကြားလိုက်ရသည်။ တာရာသည် တံခါးရှိရာသို့ထွက်လာကာ တံခါးကိုဖြေးညှင်းစွာဖွင့်လိုက်သည်။ အိမ်ရှေ့တံခါးပေါက်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိချေ။ တာရာ ဇောချွေးပြန်သွားသည်။ ဟူး.. တာရာသက်ပြင်းချလိုက်သည်။ တံခါးပိတ်ပြီး အိမ်ထဲပြန်ဝင်သွားသည်။ အချိန်က ည၁၂ကျော်နေပြီ ခွေးအူသံများလည်း ပိုကျယ်လောင်လာသည်။ "မီးကလည်း မလာသေးဘူးကွာ မြန်မာနိုင်ငံက EPCတေကတော့ ငါသမ္မတဖြစ်ရင် အလုက်ပြုတ်အုံးမယ်"ဆိုပြီး တာရာပါးစပ်က ပွစိပွစိပြောနေသည်။ "ဒေါက် ဒေါက်ဒေါက် ဒေါက်" တံခါးခေါက်သံပြန်ကြားရပြန်သည်။ တာရာသည် တံခါးရှိရာသို့ထွက်လာကာ ပြန်ဖွင့်လိုက်သည်။ ထိုအချိန်တွင် တံခါးရှေ့တွင် အနီရောင် ဝမ်းဆက်ဖြင့်လှပသော ဆံပင်ရှည်ပြီးနန်းဆန်သော ရွှေသမင်မျက်လုံးပိုင်ရှင်ဟုထင်ရလောက်သော မိန်းမပျိုတစ်ယောက်ရပ်နေသည်။
တာရာ-ဘာကိစ္စရှိလို့လဲဗျ။
မိန်းမပျို-ညမကလေ လမ်းပျောက်သွားလို့ပါအကို ပြီးတော့မီးကလည်းပျက်နေတော့ လမ်းလည်းရှာမတွေ့တာနဲ့ အကို့အိမ်မှာခနနားချင်လို့ပါ ကူညီနိုင်မလားအကို
တာရာလည်း အရမ်းလှသော မိန်းမပျိုတစ်ဦးက အကူအညီလာတောင်းတော့ မငြင်းရှာတော့ပဲ "ရပါတယ် ဒါပင်မဲ့ အကိုကအိမ်မှာတစ်ယောက်တည်းနေတာနော် သင့်တော်ပါ့မလား ညမ" "ရပါတယ်အကို ညမ ခနလေးပါနားမှာပါ မီးလာတာနဲ့ခရီးဆက်ရမယ်" "ဟုတ်ပြီလေ ဒါဆိုလည်းဝင်နားလေ အိမ်ထဲလာခဲ့ ညမ" "ဟုတ်အကို" ဟုဆိုကာမိန်းမပျိုလေးသည် အိမ်ထဲသို့ဝင်လာခဲ့သည်။ ရုတ်တရက် တာရာသည် မိန်းမပျိုခြေထောက်ကိုကြည့်လိုက်သောအခါ ခြေထောက်နားတွင် အရိုးများထွက်နေကာ သွေးများစီးကျနေသည်ကိုမြင်လိုက်ရသည်။ တာရာ လန့်သွားသည် ။ အိမ်ရှေ့တံခါးဝကနေ လကိုလှမ်းကြည့်သောအခါ တိမ်များကြား လမှာ ကွယ်ပျောက်နေလေသည်။ မိန်းမပျိုသည် ဧည့်ခန်းထဲတွင် ထိုင်နေကာ အိမ်ကိုအကဲခတ်နေလေသည်။ တာရာသည်မိန်းမပျိုရှိရာရောက်လာကာ"ညမ ရေတေပါတေသောက်မလား အကိုခပ်ပေးမယ်လေ" "ဟုတ်အကို သောက်ပါ့မယ် ညမလည်းမောနေတယ်" "ဟုတ် ခနနော်ညမ အကိုရေသွားခပ်လိုက်မယ်" တာရာသည် မီးဖိုခန်းထဲသို့ဝင်လာကာ ရေသန့်ဗူးတစ်ခုကိုယူ၍ ခွက်အကြီးတစ်ခုထဲသို့ထည့်နေသည်။ တာရာ့နားထဲတွင် ရုတ်တရက် ရယ်သံလိုလိုငိုသံလိုလို ကြားနေရသည်။ တာရာလက်တေတုန်နေပြီး ချွေးစီးများပြန်နေလေသည်။ တာရာစိတ်ထဲတွင် ဘုရားစာတေဆိုနေလေသည်။ ဘုရားစာထဲအာရုံရောက်နေပြီး ခွက်ထဲရှိရေများလျှံကျနေသည်ကို သတိမထားမိပေ။ "အကိုရေတေလျှံနေပြီလေ " တာရာနားထဲတွင် ထိုအသံကြားသောအခါ အသိပြန်ဝင်လာပြီး ဘေးသို့လှည့်ကြည့်လိုက်သည်။ ဘေးနားတွင် မည်သူမျှမရှိပေ။ တာရာပိုလန့်သွားသည်။ တာရာသည်ရေခွက်ကိုယူလာကာ မိန်းမပျိုရှိရာ ဧည့်ခန်းထဲလျှောက်လှမ်းလာသည်။ "ရော့ညမ ရေရပြီ" "ဟုတ်အကို ကျေးဇူးပါနော် " ဆိုပြီး မိန်းမပျိုသည် ရေကိုမနားတမ်းမော့သောက်လိုက်သည်။ ခွေးအူသံတေကြား မိန်းမပျိုမျက်နှာသည် ကြောက်စရာကောင်းသော အမယ်အိုမျက်နှာဖြစ်လိုက် မိန်းမပျိုမျက်နှာဖြစ်လိုက်နဲ့အမျိုးမျိုးပြောင်းလဲနေသည်။ တစ်ယောက်နဲ့တစ်ယောက်စကားစမြည်မပြောကြပဲ တိတ်ဆိတ်နေကြလေသည်။ မိန်းမပျိုက တာရာဘက်ကိုမျက်နှာလှည့်ပြီး ရုတ်တရက်ရယ်ပြလိုက်သောအခါ သွားများသည် ကျားတစ်ကောင်၏သွားများကဲ့သို့ထက်မြက်နေလေသည်။ တာရာလန့်သွားသည်။ "နင် နင် နင်ဘယ်သူလဲ လူလား သရဲလား ဘယ်သူလဲ"ဟု တာရာအော်၍မေးလိုက်သည်။ မိန်းမပျိုက "အကို ဘာဖြစ်တာလဲ ညမက အကို့ဘယ်ဘက်မှာလေ အကိုဘယ်သူ့ကိုမေးနေတာလဲ" တာရာအရှေ့တွင်မည်သူမျှမရှိချေ။ မိန်းမပျိုသည် တာရာ့ညာဘက်မှ ဘယ်ဘက်သို့ရောက်နေလေသည်။ တာရာရုတ်တရက်ကြောင်သွားသည်။ စကားပြောချင်သော်လည်း အသံမထွက်နိုင်အောင် တုန်နေလေသည်။ မိန်းမပျိုထံမှ ရယ်သံကျယ်လောက်စွာ ထွက်လာသည်။ တာရာ အော်ဖို့ကြိုးစားသော်လည်း အသံမထွက်ချေ။ မိန်းမပျိုလက်မှ စူးရှသောလက်သည်းရှည်ကြီးများထွက်လာကာ တာရာ မျက်နှာကို ပွတ်သပ်နေလေသည်။ တာရာကိုယ်ခန္ဓာသည် တောင့်တင်းနေကာလှုပ်၍မရချေ။ တာရာစိတ်ထဲဘုရားစာများဆိုနေလေသည်။ မိန်းမပျိုသည် ကြောက်မက်ဖွယ် ကောင်းအောင်တာရာ့အားခြောက်လှန့်နေလေသည်။ တာရာခေါင်းများမူးလာကာ ရုတ်တရက်အိပ်ပျော်သွားသည်။ တာရာနိုးထလာချိန်တွင် ကျေးငှက်များ၏ တေးသံသာများကြားရသော မနက်ခင်း၆နာရီဖြစ်သည်။ တာရာ အလျင်အမြန်ထကာ အရှေ့ရှိ စာရေးစားပွဲကိုကြည့်လိုက်သောအခါ ရေခွက်ကိုလည်းမတွေ့ရပေ။ တာရာသေချာစဉ်းစားသော်လည်း သူညကကြုံတွေ့ခဲ့ရသော အဖြစ်ပျက်သည် အိမ်မက်လား အမှန်တကယ်လားဆိုတာ ဝေခွဲမရဖြစ်နေလေသည်။ တာရာသည် ထိုဇာတ်လမ်းလေးကိုကျွန်ုပ်အားပြောပြချိန်မှစ၍ မီးမပျက်အောင်သာ ဆုတောင်းနေမိလေသည်။
တာရာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ကျွန်ုပ်စိတ်ထဲတွင် ဆောင်းညအိမ်မက်မြူ တစ်ခုဟုသာမှတ်ယူလိုက်တော့လေသည်။
စေတမာန်(E. Y. U)