An Old Love Story

511 43 46
                                    

[ Unicode ]

ကိုယ်နဲ့စတင်ခဲ့​တဲ့ " သူ " ဟာ အခြားတစ်​ယောက်နဲ့ ​ပေါင်းဖက်သွားရ​တဲ့ အချစ်ဇာတ်လမ်း။

သည်လို အချစ်ဇာတ်လမ်းမျိုးကို မင်းတို့ ကြုံဖူးကြလား။ ဒါမှမဟုတ် အဲ့သည်လိုအချစ်ဇာတ်လမ်းမျိုးဟာ ဘယ်​လောက်​တောင် နာကျင်စရာ​ကောင်း
လိမ့်မလဲလို့ မင်းတို့​တွေးဖူးကြလား။

အချစ်ဇာတ်လမ်း​​တစ်ပုဒ်ကို ​ပြောပြခွင့်ရှိမလား ..​ပြောပြခွင့်ရှိမယ်လို့ ကိုယ်ယူဆပါတယ်။

ခဏ​လေး .. အခု​ရေးဆွဲ​နေတဲ့ ပန်းချီကား​အောက်ဘက်မှာ " Huang Renjun " ဆိုတဲ့ ကိုယ့်နာမည်ကို ​ရေးထိုးပါရ​စေဦး။

အင်း ..ရပြီ။

၂၀၀၂ခုနစ် ။

အဲ့သည်တုန်းက Huang Renjun ဆိုတဲ့ ​​ကောင်​လေးဟာ အသက်၁၉နှစ်အရွယ် ... ကြီး​နေပါပြီလို့ပြောကြသလို ၊ ငယ်ပါ​သေးတယ်လို့လည်း ​ပြောကြတဲ့အရွယ်​ပေါ့။

ဂုတ်နား​လောက်အထိ ခပ်အုပ်အုပ်ကျ​နေတဲ့ ဆံနွယ်​​တွေနဲ့ ကိုယ်ဟာ ခပ်ရိုးရိုး​ကောင်​လေးရယ်ပါ။

အ​ဖေဟာ​တော့ အစိုးရအရာရှိတစ်​ယောက်​​လေ။ အစိုးရဝန်ထမ်းပဲဆို​တော့ ဝင်​ငွေသိပ်မရှိ​ပေမယ့် အရာရှိတစ်​ယောက်ဖြစ်တာ​ကြောင့် ​ငွေဝင်​ပေါက်​တွေ​တော့ရှိတယ်​​ပေါ့။

မရှက်တမ်း ဝန်ခံရမယ်ဆိုရင် ကိုယ့်အ​ဖေရဲ့လုပ်သက်တစ်​လျှောက် လာဘ်စားမှု​တွေ မနည်းမ​နောရှိခဲ့မှာ အ​သေအချာပါပဲ။ ဆို​တော့ ကိုယ် ဟာ သုံးနိုင်စွဲနိုင်တဲ့ မိသားစုမျိုးက ဆင်းသက်လာသူတစ်​ယောက်​ပေါ့။

ကိုယ့်အထက်မှာ အမြွှာညီအစ်မ ၃ယောက်​တောင်ရှိတယ်။

မိန်းက​​လေး​​တွေချည်း မွေးဖွားထားတဲ့ မိသားစုမှာ အ​ငယ်ဆုံး​ဖြစ်တဲ့ Huang Renjun ဟာ ​သားယောကျာ်း​လေးဖြစ်တာ​ကြောင့် ကိုယ့်အ​ပေါ် မိဘ​တွေထားတဲ့ ​မျှော်လင့်ချက်​တွေဟာ ကြီးမားလွန်းခဲ့တယ်။

​ကျောင်း ၊စာကျက်ဝိုင်း ၊ စာစီစာကုံးသင်တန်း ၊ ဂျပန်စာသင်တန်း .. တစ်​နေ့တာလုပ်ရမယ့်အရာ​တွေ အားလုံးကို ကိုယ့်အတွက် အချိန်ဇယားတစ်ခုဆွဲ​ပေးပြီး သတ်မှတ်ထားပြီးသား။

An Old Love Story ( One Shot )Where stories live. Discover now