[ Unicode ]
ကိုယ်နဲ့စတင်ခဲ့တဲ့ " သူ " ဟာ အခြားတစ်ယောက်နဲ့ ပေါင်းဖက်သွားရတဲ့ အချစ်ဇာတ်လမ်း။
သည်လို အချစ်ဇာတ်လမ်းမျိုးကို မင်းတို့ ကြုံဖူးကြလား။ ဒါမှမဟုတ် အဲ့သည်လိုအချစ်ဇာတ်လမ်းမျိုးဟာ ဘယ်လောက်တောင် နာကျင်စရာကောင်း
လိမ့်မလဲလို့ မင်းတို့တွေးဖူးကြလား။အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခွင့်ရှိမလား ..ပြောပြခွင့်ရှိမယ်လို့ ကိုယ်ယူဆပါတယ်။
ခဏလေး .. အခုရေးဆွဲနေတဲ့ ပန်းချီကားအောက်ဘက်မှာ " Huang Renjun " ဆိုတဲ့ ကိုယ့်နာမည်ကို ရေးထိုးပါရစေဦး။
အင်း ..ရပြီ။
၂၀၀၂ခုနစ် ။
အဲ့သည်တုန်းက Huang Renjun ဆိုတဲ့ ကောင်လေးဟာ အသက်၁၉နှစ်အရွယ် ... ကြီးနေပါပြီလို့ပြောကြသလို ၊ ငယ်ပါသေးတယ်လို့လည်း ပြောကြတဲ့အရွယ်ပေါ့။
ဂုတ်နားလောက်အထိ ခပ်အုပ်အုပ်ကျနေတဲ့ ဆံနွယ်တွေနဲ့ ကိုယ်ဟာ ခပ်ရိုးရိုးကောင်လေးရယ်ပါ။
အဖေဟာတော့ အစိုးရအရာရှိတစ်ယောက်လေ။ အစိုးရဝန်ထမ်းပဲဆိုတော့ ဝင်ငွေသိပ်မရှိပေမယ့် အရာရှိတစ်ယောက်ဖြစ်တာကြောင့် ငွေဝင်ပေါက်တွေတော့ရှိတယ်ပေါ့။
မရှက်တမ်း ဝန်ခံရမယ်ဆိုရင် ကိုယ့်အဖေရဲ့လုပ်သက်တစ်လျှောက် လာဘ်စားမှုတွေ မနည်းမနောရှိခဲ့မှာ အသေအချာပါပဲ။ ဆိုတော့ ကိုယ် ဟာ သုံးနိုင်စွဲနိုင်တဲ့ မိသားစုမျိုးက ဆင်းသက်လာသူတစ်ယောက်ပေါ့။
ကိုယ့်အထက်မှာ အမြွှာညီအစ်မ ၃ယောက်တောင်ရှိတယ်။
မိန်းကလေးတွေချည်း မွေးဖွားထားတဲ့ မိသားစုမှာ အငယ်ဆုံးဖြစ်တဲ့ Huang Renjun ဟာ သားယောကျာ်းလေးဖြစ်တာကြောင့် ကိုယ့်အပေါ် မိဘတွေထားတဲ့ မျှော်လင့်ချက်တွေဟာ ကြီးမားလွန်းခဲ့တယ်။
ကျောင်း ၊စာကျက်ဝိုင်း ၊ စာစီစာကုံးသင်တန်း ၊ ဂျပန်စာသင်တန်း .. တစ်နေ့တာလုပ်ရမယ့်အရာတွေ အားလုံးကို ကိုယ့်အတွက် အချိန်ဇယားတစ်ခုဆွဲပေးပြီး သတ်မှတ်ထားပြီးသား။
YOU ARE READING
An Old Love Story ( One Shot )