[ Unicode ]
ကော်ဖီခွက်အား လှမ်းယူကာ တစ်ငုံသောက်လိုက်တော့ အေးစက်စက်အရသာဟာလျှာဖျားထံလာရောက်မိတ်ဆက်သည်။ ခွက်အား စားပွဲခုံပေါ်ပြန်တင်ရင်း ရှေ့မှအမျိုးသားထံကြည့်မိတော့ keyboardအား လက်နှစ်ဖက်ဖြင့်ကျွမ်းကျင်စွာရိုက်နှိပ်ရင်း laptop screen တွင်သာအကြည့်ပို့ထား၏။ သူတို့ ဒီအတိုင်းထိုင်နေဖြစ်ခဲ့တာ နာရီနှင့်ချီတော့မည်။
"မောင်..."
ထင်သည့်အတိုင်းပင် တစ်ခွန်းခေါ်ရုံနှင့်မောင်ဟာ မော့မကြည့်လာခဲ့။
"မောင်... ငါတို့ ကွာရှင်းရအောင်"
keyboardမှ တတောက်တောက်မြည်နေသံဟာ တိခနဲရပ်တန့်သွား၏။ ထမင်းစားခန်းဟာ အပ်ကျသံတောင်မကြားရသည်အထိတိတ်ဆိတ်လို့...။
"မောင်နားကြားမှားတာလား"
မောင့်ရဲ့အမေးစကားအား ချက်ချင်းဆိုသလို ခေါင်းခါရင်းပယ်ချပစ်လိုက်သည်။
"ဟင့်အင်း။ ငါတို့ကွာရှင်းရအောင်လို့"
အရဲစွန့်ကာ မောင့်မျက်ဝန်းတွေထံအကြည့်ပို့လိုက်တော့ တန်ပြန်ကြည့်နေသည့်မောင်ဟာ မျက်ခုံးတို့တွန့်ကျုံ့လျက်။
"အကြောင်းပြချက်ကဘာလဲ"
အောက်နှုတ်ခမ်းအား ခပ်ဖွဖွဖိကိုက်မိသည်။ မောင်ဟာ သူ့အားဘယ်လောက်ထိရက်စက်ချင်နေတာပါလိမ့်...။
"အကြောင်းပြချက်... အင်း အကြောင်းပြချက်က ငါမပြောပြလည်း မောင်သိပြီးသားပဲမဟုတ်လား"
ပိုလို့တောင်သဘောမကျဖြစ်သွားသည့်အရိပ်အယောင်တို့က မောင့်မျက်နှာပေါ်တွင် နေရာယူကုန်၏။ သို့သော်လည်း မောင်က အပြစ်တင်စကားပြောမလာခဲ့...။ laptopကိုသာ ခပ်ပြင်းပြင်းတစ်ချက်ပိတ်ချသည်။ လန့်သွားသည်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်သာ ဆတ်ကနဲ...။ အမှားလုပ်မိသည့်လူတစ်ယောက်လိုမျိုး အသက်ရှုအောင့်လိုက်မိသည်အထိ။
"ပြန်လာမှပြောရအောင်"
"ဘယ်လဲ..."
အမေးစကားဟာ တုန်တုန်ယင်ယင်ပင်ထွက်လို့လာသည်။ ဥပေက္ခာပြုခြင်းတွေကို ထပ်တလဲလဲအသုံးပြုတတ်လာတဲ့မောင်က သူ့မေးခွန်းကို မဖြေဘဲ ထွက်သွားပြန်သည်။ ကျန်ခဲ့ရသည့်လူမှာ မျက်ရည်ပင်ကျစရာမရှိတော့...။ အရင်ရက်တွေက အကြိမ်ရေများစွာ သူငိုခဲ့ပြီးပြီဖြစ်သည်။ မျက်ရည်တွေ ကုန်သွားပြီထင်ပါရဲ့...။
YOU ARE READING
All Over Again // ChanBaek - one short //
Fanfiction[ Unicode ] ကော်ဖီပူဟာ အချိန်အကြာကြီးထားလျှင် အေးစက်သွားတတ်ကြောင်းကို မောင်မေ့နေခဲ့သည်ထင်...။ • All Over Again // ChanBaek - one short// [ Zawgyi ] ကော်ဖီပူဟာ အချိန်အကြာကြီးထားလျှင် အေးစက်သွားတတ်ကြောင်းကို မောင်မေ့နေခဲ့သည်ထင်...။ • All Over Again...