အပိုင်း၃

25 8 0
                                    

Gun အကိုနဲ့ချစ်သူတွေ ဖြစ်ခဲ့တာ တအားပျော်ဖို့ကောင်းတာပဲ အခုဆို အကိုက အရင်ကလိုမဟုတ်တော့ဘူး ဆေးလိပ်တွေလဲမသောက်တော့ဘူး

တခုပဲ Gun တို့က မသိအောင်ခိုးတွဲနေရတယ် အိမ်က အဖေက စိတ်တိုဖို့ကောင်းလိုက်တာ အကို့နားကို အရမ်းမကပ်ခိုင်းဘူး

"အကို Gunကို လက်ထပ်မှာလားဟင်"

"ဟမ် ဘာလို့လဲ Gun"

"မဟုတ်ပါဘူး ဒီတိုင်း"

"ကိုတို့ ဒီတိုင်းပဲ ဆက်နေသွားလို့ကော မရဘူးလားဟင်"

"အာ မဟုတ်ပါဘူး Gunကဒီတိုင်းမေးကြည့်တာ"

"Gun ကိုနဲ့မင်း တယောက်ကိုတယောက်ချစ်နေပြီးပျော်ရွှင်နေရင်ရပြီလေနော် ကိုမင်းကိုပျော်ရွှင်အောင်ထားပါ့မယ်နော်

"အင်းပါ အကိုရယ်"



အကိုက Gun ကို လက်ထပ်ဖို့မပြောပေမယ့် Gunကို အများကြီးချစ်ပေးခဲ့ပါတယ် ဒါပေမယ့် Gun က အကို့အကြောင်းကို ခုထိ ဘာမှမသိရဘူး

"Gunရေသိပြီးပြီလား"

"ဟင် ဘာလဲ N'jane"

"ဒီနေ့လေ မြို့ပေါ်က ဆရာလေးOffရဲ့ဧည့်သည်လာမှာလေ"

"ဟုတ်လား ဘယ်သူလဲ"

"မပြောတတ်ဘူး မိသားစုဝင်လို့ပြောတာကြားခဲ့တာ"

"ဘယ်လိုကြားတာ gunကိုပြောပြ"

"အမယ် gun တို့က ဆရာလေးOffအကြောင်းဆို တအားစိတ်ဝငိစားတာပဲ နေ့လည်က N' သူကြီးအိမ်သွားရင်း ဆရာလေးoffက သူ့ဧည့်သည်တယောက်လာမှာလို့ပြောနေတာကြားခဲ့တာ"

"ဟုတ်လား ဘယ်သူလဲ Gunသိချင်လိုက်တာ ဟိုလေN' Gun အဆောင် အရငိပြန်နှင့်မယ်လေနော် Gunသိချင်လို့ပါနော်"

"Gunတို့များနော် ပြန်ပြန်"

"ဟီးကျေးဇူးနော်N'"

ပထမဆုံး ကျွန်တော် အကို့ရဲ့မိသားစုတွေကိုမြင်ရတော့မယ် ဟင်းတွေချက်ထားပြီးပြငိဆင်ထားမှဖြစ်မယ်

ကျွန်တော် အဆောင်ကိုရောက်တော့ အကိုမရောက်သေးတော့ ကျွန်တော်လဲ အကိုအံ့ဩသွားအောင် ဟင်းတွေချက်ပြီး အခန်းတွေလဲရှင်းနေတာပေါ့

ဝေးခဲ့သော.. (Complete)Where stories live. Discover now