Unicode
Yizhan sweet ပါနော်။ပြောပြီးသားပါရှင့် လုံးဝကို sweet ပါတယ်နော်။ဇာတ်ကြောင်းကတော့ ခေါင်းထဲပေါ်လာတာကောက်ရေးလိုက်တာမလို့ မကောင်းခဲ့ရင် သာသာ့ရဲ့အမှားပါနော်။
ရွှေရောင်တွေ တဖိတ်ဖိတ်တောက်ပနေတဲ့ နန်းတော်ကြီးရဲ့အလယ်မှာ အဖြူရောင်အရိပ်သေးသေးလေးက ဒူးထောက်ခစားနေရသည်။ ထိုအဖြူရောင်လေးရဲ့ ဝတ်ရုံတော်မှာပေပွနေတဲ့ သွေးတွေကလည်းခြောက်လုနီးပါးပင်။ တဆက်ဆက်တုန်ခါနေတဲ့ဒူးကို ဂရုမပြုနိုင်ဘဲ ဖြူဖျော့ဖျော့နှုတ်ခမ်းလွှာကို အားတင်းကိုစေ့စေ့ပိတ်ထားကာ အရှေ့ကမြင်ကွင်းကိုသာ မျက်တောင်မခတ်တမ်းကြည့်နေသည်။ထိုအဖြူရောင်လေးရဲ့ မျက်ဝန်းညိုညိုတွေထဲမှာတော့ မယုံကြည်နိုင်မှု သစ္စာဖောက်ခံရတာကိုနာကျည်းနေတဲ့အရိပ်ယောင်တွေ ကိန်းဝပ်လို့။
အဖြူရောင်လေးရဲ့ရှေ့မှာတော့ နဂါးပုံပါတဲ့ဝတ်ရုံကိုဝတ်ဆင်ထားပြီး ချောမောတဲ့ကောင်မလေးကိုရင်ခွင်ထဲပိုက်ထားကာ ကလူမြှူနေတဲ့ တိုင်းပြည်ရဲ့အရှင်သခင် မင်းကြီးဝမ်။
" အရှင် ဘာ ဘာလိုများ ကျွန်တော်မျိုးအပေါ်ဒီလောက်ထိ "
အားတင်းထားရပါသော ဖြူဖျော့ဖျော့ နှုတ်ခမ်းလွှာလေးက ထွက်လာတဲ့အသံက နွမ်းလျလျပင်။
ထိုစကားကြောင့် ပုလ္လင်ပေါ်မှာ ထိုင်နေတဲ့ အရှင်သခင်ဝမ်က အားရပါးရရယ်မောလေသည်။
" ကျွတ် ကျွတ် ဒီကိုယ်တော်က မင်းလို ကော တစ်ယောက်ကို အတည်ချစ်မယ်လို့များ မင်းထင်နေသလား ကျန့်အာ။ မင်းကို ငါထီးနန်းရဖို့အတွက် အသုံးချခဲ့ရုံ သက်သက်ဘဲ "
မင်းကြီးဝမ်ရဲ့ စကားတွေကြောင့် နှုတ်ခမ်းနှစ်လွှာက တဆက်ဆက်တုန်လှုပ်နေပြီး နီရဲနေတဲ့မျက်ဝန်းထဲက မျက်ရည်ဥလေးတွေက ပါးပြင်နုနုလေးပေါ်ကို ကြွေကျလာသည်။
" ဒါ ဒါပေမယ့် အရှင် ကျွန် ကျွန်တော်တို့မှာ သားတော်လေးရှိသေးတယ်လေ "
ရှောင်းကျန့်ရဲ့ စကားကို မင်းကြီးရင်ခွင်ထဲက မိန်းမချောလေးက ခပ်သွဲ့သွဲ့ရယ်သွမ်းရင်း ရှောင်းကျန့်ကို သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်နေသည်။