" ကျွန်တော်နဲ့တွဲမလား စီနီယာ "
ဂျေးတစ်ယောက်အံ့သြလွန်းလို့လက်ထဲက စားလက်စမုန့်ကိုလွှတ်ချလိုက်မိသည်။ အခုသူချစ်နေတဲ့ကောင်လေးကသူ့ကိုတွဲဖို့လာပြောနေတာမို့ အိပ်မက်ဟူ၍ပင်ထင်မိသည်။
" ကိုယ့်ကိုပြောတာလား ဂျောင်ဝန်း "
" ဒီနားမှာထိုင်နေတာ စီနီယာနဲ့ကျွန်တော်ပဲရှိတာလေ စီနီယာ့မပြောလို့ဘယ်သူ့ပြောရမှာလဲဗျ "
ဆူအောင့်အောင့်အသံကသူ့ကိုစိတ်မရှည်နေပုံ။ ချစ်ရတဲ့ကောင်လေးကအဲ့လိုစိတ်မရှည်တတ်တာသိထားပြီးသားမို့ဂျေးထွေထွေထူးထူးတွေးမနေမိ။
" အဲ့တော့ပြော! တွဲမှာလား၊မတွဲဘူးလား "
အဖြေကိုတောင်းနေသလား၊ ဓားပြတိုက်နေသလားမသဲကွဲတဲ့အသံနှင့်ဂျောင်ဝန်းကဆိုပြန်သည်။ ချစ်မိတော့လည်းအဲ့အသံလေးကိုဂျေးမြတ်နိုးရပြန်၏။
" တွဲမယ် တွဲမှာပေါ့ ဝန်းနီရဲ့။ ဒီနေ့ကစပြီးတစ်ရက်နော် "
သည်လိုနှင့်ဂျေးနဲ့တစ်ကျောင်းလုံးရဲ့အချစ်တော်အဆိုးလေးဂျောင်ဝန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးစတင်ခဲ့သည်....။
****
သဝန်တိုတတ်တဲ့အဆိုးလေး
.
.
." မောနင်း ဝန်းနီ၊ ကိုကိုဝန်းနီအတွက်မုန့်တွေဝယ်လာတယ် "
ဂျေးကချိုချိုသာသာလေးဆိုသော်လည်း ဂျောင်ဝန်းဆီကရလိုက်သည်မှာ မကြည်သောအကြည့်တစ်ခုသာ။
ဆက်ထွက်လာမယ့်စကားတွေတောင်မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ရသည်။ သူဘာအမှားလုပ်မိပြန်ပြီလဲ။
" အဲ့ဒီ့အတိုင်းပဲရပ်နေတော့မှာလား ဂျေးရှီး "
ရေခဲတွေထက်အေးစက်လှသောအသံကားသူ့ကိုကြောက်စိတ်ပင်ဝင်လာစေရသည်။ ဘာအမှားလုပ်မိသလဲသေချာစဥ်းစားလည်းထွက်မလာ။ ရူးချင်တာပဲသိတော့သည်။
" ကိုယ်တစ်ခုခုလုပ်မိလို့လား ဝန်းနီ "
လေသံကိုအတတ်နိုင်ဆုံးအေးအေးလေးပြောရင်း ဂျောင်ဝန်းကိုကြည့်လိုက်သည်။