__________________________
တစ်ဖတ်သတ်ဆန်တဲ့
ချစ်ခြင်းဆိုရင်တောင်
ဒီကောင်က မက်မောရပါတယ်
ကိုကိုရယ်..။___________________________
[ Unicode]
" သားငယ် ! ဒယ်ဒီပြောတာကိုသေချာနားထောင် "
" ဟင့်အင်း ! မကြားချင်ဘူး !! "
၁၂ နှစ်အရွယ် ဝမ်ရိပေါ်ကလေးက သူ့အဖေဖြစ်သူရဲ့အနောက်မှာ ကုပ်ကုပ်ကလေးရပ်နေသောကလေးလေးအားမျက်ခုံးများတွန့်ချိုးကာစူးစိုက်ကြည့်လေတော့ ကလေးလေးရဲ့ခန္ဓာကိုယ်သေးသေးလေးကဝမ်ရိပေါ်ကလေးရဲ့အဖေအနောက်ဘက်ကိုပိုတိုးရောက်သွားရရှာတယ် ။
" ထွက်သွား ! သားအခန်းထဲကထွက်သွား !! မလာခဲ့ကြနဲ့ အဲ့ကောင်ကိုရောခေါ်သွား ! "
ဝမ်ရိပေါ်ကလေးက မျက်သားကလေးများရဲလို့ ဒေါ်သ တကြီးစူးစူးရဲရဲအာခေါင်ခြစ်အော်လေတော့ ဘာမှမသိသည့် ၇ နှစ်အရွယ်ကလေးလေးမှာမျက်ဝန်းလေးတွေဝိုင်းစက်လို့ ဝမ်ဦးဦးဘောင်းဘီစကိုလက်သေးသေးလေးနှစ်ဖက်ဖြင့်ကြောက်ရွံ့စွာကုပ်တွယ်ထားသေးသည် ။
" သားငယ် ! မင်းညီလေးကိုအဲ့လိုမပြောရဘူးလေ! "
တစ်ခါမှမအော်ဘူးတဲ့ ဒယ်ဒီက ရိပေါ်ကိုအော်တယ် ! ဘာမဟုတ်တဲ့ကလေးကြောင့် ရိပေါ်ကိုအော်တယ်! မုန်းတယ် ! အဲ့ကောင်လေးကိုမုန်းတယ် !
ကလေးအတွေးနှင့်မို့ ဝမ်ရိပေါ်ကလေးကဝမ်းနည်းစိတ်များနှင့်အတူ ဒေါသစိတ်များပါရောယှက်လာရသည် ။
" မုန်းတယ် ! ထွက်သွား ! ဒယ်ဒီ့ကိုရော အဲ့ကောင်ကိုပါမုန်းတယ် ! ဘာညီလေးမှလဲမလိုချင်ဘူး ထွက်သွား "
နားနှစ်ဖက်အားလက်ဖြင့်အုပ်ကာ ဝမ်ရိပေါ်ကလေးက သဲကြီးမဲကြီးအော်ဟစ် ငိုယိုရှာတော့သည် ။ တကယ်လည်း ထိုကလေးငယ်ဟာအလွန်အမင်းဝမ်းနည်းနေရှာသည် ။ မိခင်သေပြီးမကြာ မိန်းမတစ်ယောက်နှင့်ကလေးတစ်ယောက်အားအိမ်ပေါ်ခေါ်တင်လာ၏။ ရိပေါ်ဒယ်ဒီ့ကိုမုန်းသည် ၊ ထိုမိန်းမကိုလည်းမုန်းသည် ရိပေါ်နေရာကိုလုယူမည့် အဲ့ကလေးလေးကိုလည်းမုန်းသည် ။
ရိပေါ်လိုကလေးသာသာလေးက အော်ငိုရုံမှအပ ဘာမှလုပ်ဆောင်နိုင်ခြင်းမရှိတာမို့ ပို၍ခံပြင်းသည် ။ ဖေဖေက ထိုကလေးလေးလက်ကိုဆွဲကာအခန်းထဲကထွက်သွား၏။ ဒယ်ဒီကလေ ! ရိပေါ်ရဲ့ဒယ်ဒီက ရိပေါ်ကိုမချော့ဘဲနဲ့...
YOU ARE READING
𝚂𝚝𝚎𝚙 𝙱𝚛𝚘
Fanfic" အချစ်ဆိုတာကို မသိလိုက်ခင် ဒီကောင်က ကိုကို့ဆီအလိုလိုဝပ်တွားသွားတာမျိုး " _ Xiao ZSWW one short by_Koe