𝙴𝚙-1

656 75 12
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

မြင်သူတိုင်းငေးကြည့်ရလောက်တဲ့အထိ မြင့်မားသည့် အဆောက်အဦးလေးထဲရှိ အခန်းငယ်လေးတစ်ခုတွင် အင်္ကျီအပေါ်ကြယ်သီးနှစ်လုံးအား ဖြုတ်ထားသော လူငယ်လေး၏ မျက်မှာထက်၀ယ် မလိုက်ဖက်လှသော အလိုမကျမှုများ တည်ရှိနေပေသည်.....

ထိုလူငယ်၏ဘေးတွင် စာရင်းစာရွက်တွေအား စစ်နေသည့် ကောင်ငယ်လေးတစ်ယောက်ရှိသလို၊ အလုပ်ရှင်၏ ဒေါသထွက်မှုအပေါ် အမှားထပ်လုပ်မ်ိမှာ စိုးရိမ်နေကြသည့် ၀န်ထမ်းများကိုလဲ တွေ့ရပေသည်.....

*ဒုန်း!!!*

အပ်ကျသံမျှကြားရလောက်တဲ့အထိ ငြိမ်သက်နေသည့် အခန်းလေးသည် ဒေါသတကြီးစားပွဲခုံအား ရိုက်ချလိုက်သည့် CEO၏လုပ်ရပ်ကြောင့် ကျယ်လောင်သွားပေသည်....

"မင်းတို့တွေ အလုပ်ကို သေချာမလုပ်နိုင်ဘူးလား ဟမ်!!"

ထိုအသံသည် ကြားရသူ၏ နားထဲတွင် သြဇာငြိမ့်​ငြောင်းနေတာမျိုးမဟုတ် ချိုမြိန်လှသည့် အသံမျိုးဖြစ်ပေသည်....သို့ပေမယ့် ထိုအသံ၏တစ်စိတ်တစ်ပိုင်းတွင် လေးစားဖွယ်ကောင်းသော အသံမျိုးလဲ တွေ့ရှိရသလို၊ စိတ်တိုနေသည့်အသံမျိုးလဲပါ၀င်ပေသည်...

"တောင်းပန်ပါတယ်CEO!!"

အခန်းအတွင်းရှိ ၀န်ထမ်းတွေ၏ တစ်ပြိုင်တည်းထွက်ပေါ်သည့် စကားသံအပေါ် CEOဆိုသည့်လူသည် စိတ်ကိုတစ်ထစ်လျှော့လိုက်တော့သည်....

"ဟူး~~....ဒီစာရင်းကို ဒီနေ့အပြီးလိုချင်တယ်....ရုံးဆင်းတဲ့အချိန်ထိ မပြီးသေးရင်လဲ ညအချိန်ပိုဆင်းရမယ်ဆိုတာ သိထားပါ..."

"ဟုတ်ကဲ့ပါ..."

"ဒါဆို ဒီနေ့meetingသိမ်းပြီ..."

စိတ်ရှုတ်မှုကြောင့် ဖြုတ်ထားသော အင်္ကျီကြယ်သီးအား သေသေသပ်သပ်ပြန်တပ်ကာ အခန်းထဲကထွက်သွားတော့သည်....CEOဆိုသူသည့် အမျိုးသားငယ် အခန်းထဲကထွက်သွားသည့် အချိန်ထိ ခါးညွှန့်နှုတ်ဆက်နေကြသည့် ၀န်ထမ်းများသည် CEOအခန်းပြင်ရောက်တော့မှ အားမရှိတော့သလို ခုံပေါ်သို့ ပစ်ထိုင်လိုက်တော့သည်....

"ဒီလောက် စစ်ထားတာကို ဘာလို့များ မှားသွားရတာလဲမသိ..."

"သေချာမစစ်လို့ပေါ့ဂျာကြီးရယ်..."

꧁🅒︎🅔︎🅞︎ ♡'・ᴗ・'♡ 🅙︎🅔︎🅞︎🅝︎꧂Where stories live. Discover now