*𝚄𝚗𝚒𝚌𝚘𝚍𝚎*
မြင်သူတိုင်းငေးကြည့်ရလောက်တဲ့အထိ မြင့်မားသည့် အဆောက်အဦးလေးထဲရှိ အခန်းငယ်လေးတစ်ခုတွင် အင်္ကျီအပေါ်ကြယ်သီးနှစ်လုံးအား ဖြုတ်ထားသော လူငယ်လေး၏ မျက်မှာထက်၀ယ် မလိုက်ဖက်လှသော အလိုမကျမှုများ တည်ရှိနေပေသည်.....
ထိုလူငယ်၏ဘေးတွင် စာရင်းစာရွက်တွေအား စစ်နေသည့် ကောင်ငယ်လေးတစ်ယောက်ရှိသလို၊ အလုပ်ရှင်၏ ဒေါသထွက်မှုအပေါ် အမှားထပ်လုပ်မ်ိမှာ စိုးရိမ်နေကြသည့် ၀န်ထမ်းများကိုလဲ တွေ့ရပေသည်.....
*ဒုန်း!!!*
အပ်ကျသံမျှကြားရလောက်တဲ့အထိ ငြိမ်သက်နေသည့် အခန်းလေးသည် ဒေါသတကြီးစားပွဲခုံအား ရိုက်ချလိုက်သည့် CEO၏လုပ်ရပ်ကြောင့် ကျယ်လောင်သွားပေသည်....
"မင်းတို့တွေ အလုပ်ကို သေချာမလုပ်နိုင်ဘူးလား ဟမ်!!"
ထိုအသံသည် ကြားရသူ၏ နားထဲတွင် သြဇာငြိမ့်ငြောင်းနေတာမျိုးမဟုတ် ချိုမြိန်လှသည့် အသံမျိုးဖြစ်ပေသည်....သို့ပေမယ့် ထိုအသံ၏တစ်စိတ်တစ်ပိုင်းတွင် လေးစားဖွယ်ကောင်းသော အသံမျိုးလဲ တွေ့ရှိရသလို၊ စိတ်တိုနေသည့်အသံမျိုးလဲပါ၀င်ပေသည်...
"တောင်းပန်ပါတယ်CEO!!"
အခန်းအတွင်းရှိ ၀န်ထမ်းတွေ၏ တစ်ပြိုင်တည်းထွက်ပေါ်သည့် စကားသံအပေါ် CEOဆိုသည့်လူသည် စိတ်ကိုတစ်ထစ်လျှော့လိုက်တော့သည်....
"ဟူး~~....ဒီစာရင်းကို ဒီနေ့အပြီးလိုချင်တယ်....ရုံးဆင်းတဲ့အချိန်ထိ မပြီးသေးရင်လဲ ညအချိန်ပိုဆင်းရမယ်ဆိုတာ သိထားပါ..."
"ဟုတ်ကဲ့ပါ..."
"ဒါဆို ဒီနေ့meetingသိမ်းပြီ..."
စိတ်ရှုတ်မှုကြောင့် ဖြုတ်ထားသော အင်္ကျီကြယ်သီးအား သေသေသပ်သပ်ပြန်တပ်ကာ အခန်းထဲကထွက်သွားတော့သည်....CEOဆိုသူသည့် အမျိုးသားငယ် အခန်းထဲကထွက်သွားသည့် အချိန်ထိ ခါးညွှန့်နှုတ်ဆက်နေကြသည့် ၀န်ထမ်းများသည် CEOအခန်းပြင်ရောက်တော့မှ အားမရှိတော့သလို ခုံပေါ်သို့ ပစ်ထိုင်လိုက်တော့သည်....
"ဒီလောက် စစ်ထားတာကို ဘာလို့များ မှားသွားရတာလဲမသိ..."
"သေချာမစစ်လို့ပေါ့ဂျာကြီးရယ်..."
YOU ARE READING
꧁🅒︎🅔︎🅞︎ ♡'・ᴗ・'♡ 🅙︎🅔︎🅞︎🅝︎꧂