Can you hear me..?
Part - 2
Miyoung ကြောက်အား လန့်အား နှင့် အော်ဟစ်ကာ ည၀တ် အကျီကြီး နဲ့တင် အောက်ထပ် ပြေးဆင်း သွားတော့ သည်..
သူ..အိမ်ပြန်ရမည်.. ဘာတွေ ဖြစ်ကုန်တာလဲ..??
'Appa..! ဘယ်သွား မလို့လဲ ..? အလန့်တကြား နဲ့..?'
သူ့ထက် အသက် အနည်းငယ် ကြီး မည် ထင်ရသည့် အမကြီး ၏ စကားအား သူဂရုမစိုက်အား..
လောလောဆယ် အိမ် တံခါး အား တွေ့ရန် အသည်းအသန် လိုက်ရှာနေလေသည်..
'Aishh..အိမ်ကလဲ ဘာလို့ အဲ့လောက် ကြီးရတာ လဲ..? အိမ်တံခါး တောင် ဘယ်နား လဲ ရှာမတွေ့ဘူး..'
စသည်ဖြင့် Miyoung စိတ်ထဲတွင် ဗျောက်အိုး များ ပျောက်ကွဲ သကဲ့သို့ ဆူညံကာ တတိယ ကမ္ဘာစစ် ဖြစ်နေလေသည်..
'ဥက္ကဌကြီး.. ကားအဆင်သင့် ဖြစ်နေပါပြီ..ဒီနေ့ Henry Comeback အတွက် စီစဉ် ရမှာမို့ ကုမ္ပဏီ စောစော သွားရပါမယ်..ဥက္ကဌကြီး အဆင်သင့် ဖြစ်တာနဲ့ သွားလို့ရပါပြီ'
ရှည်လျားသော စကားသံ အဆုံး Miyoung တစ်ယောက် သူ၏ ရှေ့တွင် အနောက်တိုင်း ၀တ်စုံ သပ်သပ်ရပ်ရပ် ၀တ်ထားသော လူကြီး တစ်ယောက်အား မျက်လုံး လေး ပုတ်ခပ် ပုတ်ခပ်နှင့် ကြည့်နေမိသည်..
သူဘာတွေ ပြောသွား လဲ သူ တစ်ခွန်းမှ နားမလည်လိုက်..
အိမ်ပေါ်ထပ် က ဆင်းလာသော သူ့မိန်းမ (အဲ..အဲ.. Lee soo Manး မိန်းမ).. ညာဘက် ထမင်းစား ခန်းထဲမှ ထွက်လာသော သူ့သမီး နှင့် သူ့လက်ထောက် ဟု ထင်ရသော လူုကြီး ..သူတို့ သုံးယောက် လုံး က သူ့ထံမှ ထွက်လာမယ့် စကား အား စောင့်မျှော်နေလေသည် ...
'အဲ...!!'
အခုမှ တော့ မတတ်နိုင်.. မီးစင်ကြည့်က ကြတာပေါ့..
'အင်း..ဟိုဟာ..ဒါပေါ့..နေဦး..အခုငါ ရေချိုး လိုက်ဦးမယ်.. ခဏစောင့်..'
လို့ပြောပြီး အောက်ထပ် ရှိ အနီးဆုံး ရေချိုး ခန်းထဲ ပြေးဝင်ကာ Lock ချထားလိုက်သည်..