"ကဲ ဒီနေ့ကော ဘာဖြစ်လာပြန်ပြီလဲ Seok Matthew shiii"
"နာမည်ခေါ်ရတာ မရှည်ဘူးလား ဒေါက်တာ မောင်လို့ပဲ ခေါ််ပါ"
"မင်း" ဟန်ဘင်းက မျက်နှာကြီးနီပြီးပြောတော့ မတ်သရူးကရယ်တယ်။
"အဟား ဒေါသအရမ်းမကြီးပါနဲ့ ဒေါက်တာရဲ့။ အခုကျွန်တော့်ဒဏ်ရာကို ဆေးထည့် ပေးပါဦး"
"မင်းမှာလည်း ဖြစ်နိုင်လွန်းတယ်နော်။ ခုကကော ဘာမှာချော်လဲလာပြန်တာလဲ" ဟန်ဘင်းက ဆေးထည့်ရင်း မေးတော့
"ဘောလုံးကန်ရင်းချောလဲလာတာ၊ ဒါနဲ့ ဒဏ်ရာက ဒီတစ်နေရာတည်းမဟုတ်ဘူး။ ဒီမှာလည်းရှိသေးတယ်" မတ်သရူးက သူ့ရင်ဘတ်လေးသူပုတ်ပြပြီး မျက်စပစ်လာတာကြောင့် ဟန်ဘင်း ဂွမ်းထုတ်နဲ့ ကောက်ပေါက်လိုက်သည်။
"မင်းကလေ စကားအကောင်းကိုပြောလို့မရဘူး။ ဆေးထည့်ပြီးပြီ ပြန်တော့"
"ဒေါက်တာကလည်း စိတ်ချည်းပဲ မနက်ဖြန်ထပ်တွေ့မယ်နော်"
အခန်းထဲက ထွက်သွားတဲ့မတ်သရူးကိုကြည့်ပြီး ဟန်ဘင်းခေါင်းခါမိတယ်။ အဲ့ကလေးက တကယ်မျက်နှာရူး
*****************************
ဟန်ဘင်းဒီနေ့ သူ့ဆီရောက်မလာတဲ့ ဟိုကောင်လေးကြောင့် ဘဝင်မကျဖြစ်မိတယ်။ ဒီနှစ်ကျောင်းတွေစဖွင့်ပါပြီဆိုတည်းက နေ့တိုင်းတစ်ရက်မပျက်ဘဲ အဲ့ကောင်လေးသူ့ဆီရောက်လာတာ တစ်လတောင်ကျော်ရောပေါ့။ သူ့ကို ချစ်ကြေင်း ကြိုက်ကြောင်းတွေတစ်ဖွဖွပြောပြီး အဖြေတောင်းတတ်တဲ့ ကောာင်လေးက တကယ် ငဂျစ်။
ဟန်ဘင်းလဲ ဟိုကောင်လေးအကြောင်းတွေးမိနေတာ သူ့ဘာသာသတိထားမိတော့ အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး ဆေးခန်းပိတ်ဖို့ပြင်လိုက်တယ်။ သူ့အတွေးတွေကို ဘယ်သူမှ မသိဘူးဆိုပေမယ့်ပေါ့။
ဟန်ဘင်းဆေးခန်းထဲကထွက်ပြီး တံခါးသော့ခတ်ဖို့အလှည့်
"ကျွန်တော့်ကိုတောင် မစောင့်ဘဲ ဆေးခန်းပိတ်တော့မယ်ပေါ့ ဒေါက်တာ"
"မတ်သရူး ဘယ်လိုဖြစ်တာလဲ မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့၊ လာလာ ဆေးထည့်ပေးမယ်"
YOU ARE READING
I fell first but he fell harder [One shot]
Fanfiction"မောင်လို့ခေါ်မလား ပြန်ချစ်ပေးမလား ဒေါက်တာ" "မင်းက အဆိုးလေးပဲ Seok Matthew Shii"