"Minho!!!!"
လည်ချောင်းတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းထဲမှ အရင်းတည်သော ကျယ်လောင်စွာအော်သံတစ်ခု။
Boom...
နောက်ထပ်အသံတစ်ခုနှင့်အတူ ခန္ဓာတစ်ခုသည် ကားတစ်စီးနှင့် ဆုံစည်းသွားခဲ့သည်။ အရှိန်ကြောင့် လွင့်စင်သွားတဲ့ ခန္ဓာကိုယ်။ အတွင်းအင်္ဂါတွေ ပျက်စီးသွားခြင်းကြောင့် ထွက်လာတဲ့သွေးတွေ။
"မဟုတ်ဘူး...မဟုတ်ဘူး...."
Jisung ရဲ့ ခြေထောက်တွေ ဆက်မရပ်နိုင်စွမ်းတော့ပါ။
ထို့နောက် ဒူးထောက်လျက်သား ခွေကျသွားသည်။ထပ်ပြီးတော့...မရေတွက်နိုင်တဲ့ အကြိမ်မြောက်
သူ Minho ကို ဆုံးရှုံးရပြန်ပြီ။မွန်းကြပ်ဆို့နင့်ခြင်းတွေနှင့်အတူ ကျယ်လောင်စွာ အော်ငိုရင်း တစ်ဖက်ကမ္ဘာတွင် bathtub ထဲမှ ခန္ဓာကိုယ်ငယ်သည် ပြန်ထလာခဲ့သည်။
ရေတွေနှင့်အတူ ရောထွေးနေတဲ့ မျက်ရည်တွေ။ အချိန်အတန်ကြာအောင် ရေအောက်မှာ ရှိနေခြင်းကြောင့် အောင့်ထားရတဲ့အသက်ကိုပင် ဝအောင်လုမရှူနိုင်။ အနွေးဓာတ်မဲ့ တုန်ရီနေတဲ့ သူ့ကိုယ်သူ သေးကျုံ့ရင်း ပြန်ဖက်ထားမိသည်။
ထောင်ထားတဲ့ဒူးကို လှမ်းဖက်လိုက်ချိန် မြင်တွေ့လိုက်ရတဲ့ လက်ကောက်ဝတ်မှာ ပြတ်ရှရာတစ်ခု ထပ်တိုးနေပြန်ပါသည်။
ဒါ သူ အတိတ်ကိုပြင်ဆင်ဖို့ကြိုးစားတာ ၂၉ ကြိမ်မြောက်။
တစ်ချိန်တည်းမှာပဲ ရှုံးနိမ့်တာလည်း ၂၉ ကြိမ်မြောက်။သေချာပါသည်။ ဒီနေ့လည်း အားအင်ကုန်ခမ်းပြီး မေ့လဲအိပ်ပျော်သွားသည်အထိ သူ ငိုကြွေးနေဦးမှာဖြစ်သည်။
......။
ဒီအရာအားလုံးဟာ Minho accident ဖြစ်ပြီး ခြောက်လကြာတဲ့အချိန်မှာ စခဲ့သည်။
ပျောက်သောသူ ရှာလျှင်တွေ့။
သေသောသူ ကြာလျှင်မေ့။အဲ့ဒီစကားက အပေါ်ယံချစ်ခြင်းမေတ္တာတွေကိုသာ ရည်ရွယ်ပုံပါပဲ။
YOU ARE READING
One day : in the world of US
FanfictionSequel of 'A story without ending' • Commission work • Written in Burmese