Unicode

2.1K 160 114
                                    

မိုး​ရေစက်​တွေ သည်းထန်စွာရွာသွန်း​နေတဲ့ ဂျူလိုင်လ။ ဆူညံ​နေတဲ့​လောကကြီးနဲ့နည်းတူ အခန်းကျယ်ကြီး တစ်ခုထဲမှာလည်း ဆူညံလျက်ရှိသည်။
မိုးစက်မှုန်​တွေက တစ်ဖက်မြင်မှန်ကို ခပ်ကြမ်းကြမ်း ရိုက်ခတ်လို့။ ဂရုတစိုက် ကြည့်ရှုခံစားမယ့်သူ မရှိတဲ့အခါမှာ​တော့ တိတ်တဆိတ်သာ ​ကြွေလွင့်သွားကြ​လေရဲ့။

စကားသံ​တွေ ဆူညံ​နေတဲ့အခန်းထဲမှာ စီးကရက်မီးခိုး​ငွေ့တွေက ​ဝေ့ဝဲ​နေသည်။ တန်ဖိုးကြီးယမကာနံ့အစုံကလည်း ​လေထုထဲမှာ ​ရောယှက်လို့။
ထိုအထဲမှာ ရှိ​နေကြတာက​တော့ အသက် 20 ပင် မပြည့်နိုင်​သေးတဲ့ ​ကျောင်းသား​လေး​တွေ။
အများစုက နာမည်ကြီးတံဆိပ်​တွေကို ဝတ်ဆင်ထားကြ​ပေမဲ့ အချို့က​တော့ ​ကျောင်းအင်္ကျီ​ကိုတောင် မလဲထား။ ဒါ​ပေမဲ့လည်း တစ်ချက်မျှ ကြည့်လိုက်ရုံနဲ့တင် လူကုံထံအသိုင်းအဝိုင်းမှ အ​ငွေအသက်​တွေ ပြည့်နှက်လို့သာ။

ဆိုးလ်မြို့ရှုခင်းကို ကြည့်ရှုခံစားနိုင်တဲ့ဒီ​နေရာက တကယ်တမ်းမှာ​တော့ အထက်တန်းလွှာတို့အတွက်
ကာစီနိုပင်။ အတိအကျ​ပြောရရင်​တော့
အထက်တန်းလွှာက သားသမီး​တွေရဲ့ ကာစီနို။
ကျယ်ဝန်းကြီးမားလွန်းတဲ့ ဒီ​နေရာက လုံခြုံသလို
လိုချင်တာ​တွေလည်း အကုန်ရနိုင်သည်။
အမျိုးစုံ​သော ယမကာတို့မှ မူးယစ်​ဆေးဝါး​တွေအထိ အားလုံး။

" အီသန်. ​နောက်တစ်ပွဲ ထပ်​ဆော့ဦးမလား "

ခပ်​ထေ့​ထေ့စကားသံတစ်ခုက စီးကရက်မီးခိုး​တွေကြား ပျံ့လွင့်သည်။ ​ဂျေးက​တော့ နိုင်ထားတာ​တွေများ​နေပြီမို့ အူရွှင်​နေဟန်။ ဝီစကီခွက်ကို ဟန်ပါပါကိုင်ထားရင်း ​မေးမြန်း​နေ​လေ​တော့တာ။ ရီ​ဝေ​နေပုံရတဲ့​ဂျေးကိုကြည့်ရင်း အီသန်က​တော့ စိတ်ပိုရှုပ်လာရသ​ယောင်။

" ဘာလဲ. မင်းရဲ့ YAMAHA ​လေး ရှုံးသွားလို့လား.
ပြန်လိုက်​လေ. ​နောက်တစ်ပွဲမှာ နိုင်​အောင်လုပ်​ပေါ့ "

ဝီစကီတစ်ကျိုက်​သောက်ရင်း စကားဆက်တဲ့ ​ဂျေး။
အီသန်က​တော့ ဘာမှ ​ဖြေကြားခြင်းမပြုမိ။
​ဂျေးရဲ့​ဘေးမှာရှိ​နေတဲ့ ဆိုင်ကယ်​သော့တစ်ခုကိုသာ ကြည့်​နေမိသည်။ ​သူ့ရဲ့အ​တွေး​တွေက​တော့ ပတ်ဝန်းကျင်အတိုင်း ရှုပ်​ထွေး​နေလျက်။

sois à moi (One Shot) | HEEHOONWhere stories live. Discover now