မိုးရေစက်တွေ သည်းထန်စွာရွာသွန်းနေတဲ့ ဂျူလိုင်လ။ ဆူညံနေတဲ့လောကကြီးနဲ့နည်းတူ အခန်းကျယ်ကြီး တစ်ခုထဲမှာလည်း ဆူညံလျက်ရှိသည်။
မိုးစက်မှုန်တွေက တစ်ဖက်မြင်မှန်ကို ခပ်ကြမ်းကြမ်း ရိုက်ခတ်လို့။ ဂရုတစိုက် ကြည့်ရှုခံစားမယ့်သူ မရှိတဲ့အခါမှာတော့ တိတ်တဆိတ်သာ ကြွေလွင့်သွားကြလေရဲ့။စကားသံတွေ ဆူညံနေတဲ့အခန်းထဲမှာ စီးကရက်မီးခိုးငွေ့တွေက ဝေ့ဝဲနေသည်။ တန်ဖိုးကြီးယမကာနံ့အစုံကလည်း လေထုထဲမှာ ရောယှက်လို့။
ထိုအထဲမှာ ရှိနေကြတာကတော့ အသက် 20 ပင် မပြည့်နိုင်သေးတဲ့ ကျောင်းသားလေးတွေ။
အများစုက နာမည်ကြီးတံဆိပ်တွေကို ဝတ်ဆင်ထားကြပေမဲ့ အချို့ကတော့ ကျောင်းအင်္ကျီကိုတောင် မလဲထား။ ဒါပေမဲ့လည်း တစ်ချက်မျှ ကြည့်လိုက်ရုံနဲ့တင် လူကုံထံအသိုင်းအဝိုင်းမှ အငွေအသက်တွေ ပြည့်နှက်လို့သာ။ဆိုးလ်မြို့ရှုခင်းကို ကြည့်ရှုခံစားနိုင်တဲ့ဒီနေရာက တကယ်တမ်းမှာတော့ အထက်တန်းလွှာတို့အတွက်
ကာစီနိုပင်။ အတိအကျပြောရရင်တော့
အထက်တန်းလွှာက သားသမီးတွေရဲ့ ကာစီနို။
ကျယ်ဝန်းကြီးမားလွန်းတဲ့ ဒီနေရာက လုံခြုံသလို
လိုချင်တာတွေလည်း အကုန်ရနိုင်သည်။
အမျိုးစုံသော ယမကာတို့မှ မူးယစ်ဆေးဝါးတွေအထိ အားလုံး။" အီသန်. နောက်တစ်ပွဲ ထပ်ဆော့ဦးမလား "
ခပ်ထေ့ထေ့စကားသံတစ်ခုက စီးကရက်မီးခိုးတွေကြား ပျံ့လွင့်သည်။ ဂျေးကတော့ နိုင်ထားတာတွေများနေပြီမို့ အူရွှင်နေဟန်။ ဝီစကီခွက်ကို ဟန်ပါပါကိုင်ထားရင်း မေးမြန်းနေလေတော့တာ။ ရီဝေနေပုံရတဲ့ဂျေးကိုကြည့်ရင်း အီသန်ကတော့ စိတ်ပိုရှုပ်လာရသယောင်။
" ဘာလဲ. မင်းရဲ့ YAMAHA လေး ရှုံးသွားလို့လား.
ပြန်လိုက်လေ. နောက်တစ်ပွဲမှာ နိုင်အောင်လုပ်ပေါ့ "ဝီစကီတစ်ကျိုက်သောက်ရင်း စကားဆက်တဲ့ ဂျေး။
အီသန်ကတော့ ဘာမှ ဖြေကြားခြင်းမပြုမိ။
ဂျေးရဲ့ဘေးမှာရှိနေတဲ့ ဆိုင်ကယ်သော့တစ်ခုကိုသာ ကြည့်နေမိသည်။ သူ့ရဲ့အတွေးတွေကတော့ ပတ်ဝန်းကျင်အတိုင်း ရှုပ်ထွေးနေလျက်။
أنت تقرأ
sois à moi (One Shot) | HEEHOON
أدب الهواةtu dois être à moi... You must be MINE... Revolution Fiction Gift @Oli_shim Cover by @venessa_filia