Part.42 (Z)

1.9K 81 1
                                    

ညိုထင်ရွာထဲကို လှည်းကိုယ်တိုင်မောင်းကာဝင်လာခဲ့သည်။ သာခင်နဲ့ဂျမ်းပုံကိုတော့ ရစ်စိန်လေးမပေါ့မပါးနဲ့မို့ အနားမှာနေပေးရန်ပြောခဲ့သည်။ သာခင်တို့လင်မယားကလဲ နဂိုထဲကဆရာတပည့်သံယောဇဉ်ဖြစ်နေတာမို့ သူ့ကိုစိတ်ချရန်ပြောခဲ့တာမို့ သူလဲမြို့ကိုတက်လာခဲ့သည်။ မြို့မှာ ဟိုသတင်းဒီသတင်းနားစွင့်ရင်းနဲ့ အရောင်းအဝယ် ကိစ္စအချို့ကို စုံစမ်းရင်းညိုထင်မြို့မှာ တပတ်လောက်ကြာသွားခဲ့သည်။ အိမ်မှာကျန်ခဲ့တဲ့ အိမ်သူရစ်စိန်လေးအတွက်ဆိုပြီး စားစရာအချို့နဲ့ ဝတ်စရာအဝတ်များကိုလှည်းနဲ့အပြည့်တင်လာခဲ့သည်။ အိမ်ပြန်ရောက်လျှင်သူ့ကို စိတ်ဆိုးနေမည့် ရစ်စိန်လေးမျက်နာကိုမြင်ယောင်မိသည်။ ရစ်စိန်လေးကသူ့ကိုစိတ်ကောက်နေလျှင် သူကရစ်စိန်လေးကို ပွေ့ချီကာအနမ်းမိုးတွေရွာချပြီး ချော့ပစ်လိုက်မည်။ ရစ်စိန်လေးက သူနမ်းလိုက်ရင်ဖြင့်အကြာကြီးစိတ်မကောက်နိုင်ဘူးဆိုတာ ညိုထင်သိနေတာမို့ဖြစ်သည်။ စိတ်ကူးနဲ့လှည်းကို ဒုန်းစိုင်းမောင်းလာရင်း အတွေးနဲ့ပျော်နေသူဟာ ကျွန်တော်ဆိုတဲ့ မိုးညိုထင်ပင်။ နောက်ပိုင်းကျမြို့မှာ ရစ်စိန်လေးရယ်၊ မွေးလာမယ့်ကလေးလေးရယ် နောက်သာခင်တို့လင်မယားကိုခေါ်ကာ မြို့မှာနေမည့်အကြောင်းကို ယောက်ခမကြီးဆီကနေ ခွင့်တောင်းရပေအုံးမည်။ ယောက်ခထီးကြီးကတော့ ခွင့်ပြုမယ်ဆိုတာကို သူသိပေမယ့် ရစ်စိန်လေးရဲ့မာတာမိခင်က သူ၏အချစ်တော်လေးကို မြို့မှာလိုက်နေစေရန် သဘောတူနိုင်မလားဆိုတာကိုတော့ ညိုထင်မတွေးတက်သေးပါ။

ညိုထင်စိတ်ကူးများဖြင့်ပျော်မွေ့နေ၏။ လှည်းယဉ်ကလေးကိုကျော့ကျော့ကလေးမောင်းနှင်ကာ သီချင်းလေးပင် ဆိုငြီးလိုက်ပါသေး၏။

သီချင်းလေး တကြော်ကြော်ဆိုရင်း လှည်းကလေးဟာ ရွာဦးထိပ်သို့ရောက်ခဲ့လေပြီ။

" အရီးလေးကြင် နေကောင်းလား။ "

ညိုထင်ရွာထဲအဝင်အရီးလေးကြင်ကိုတွေ့တာနဲ့နှုတ်ဆက်လေတော့ အရီးလေးကြင်ကသူ့ကိုတစ်ချက်မျှလောက်သာကြည့်ပြီး တစ်ဖက်ကိုမကြားချင်ယောင်ဆောင်ကာ လှည့်သွား၏။ သူနှုတ်ဆက်တာကိုပဲ မကြားလေသလားလို့ ညိုထင်တွေးလိုက်သည်။ ဒီနေ့မှ ရွာထဲကလူတွေတိတ်ဆိတ်နေတယ်လို့ ညိုထင်ခံစားမိသည်။ လွန်ခဲ့တဲ့တပတ်လောက်က သူမြို့မသွားခင်အချိန်မှာတောင် ရွာလေးဟာဆူညံမှု့တွေနဲ့ ပျော်ရွှင်စရာအတိလားပါ။ အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေလိုက်တာ နွားကခြူသံပင်ပြန်ပြားရသည်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now