ငယ်ရွယ်တဲ့ဓာတ်ပုံဆရာလေးရဲ့ သေသပ်လွန်းတဲ့ ရိုက်ချက်လှလှလေးတွေဟာ လူတွေရင်ထဲထိစွဲမြဲစွာနေရာယူသည်။"ဓာတ်ပုံတစ်ပုံစီတိုင်းက အဓိပ္ပါယ်တွေများစွာရှိပြီး နက်နဲဆန်းပြားတယ် "လို့ ဓာတ်ပုံပညာရှင်တိုင်းကချီးကျူးကြသူလေးဟာ တောင်ကိုရီးယာနိုင်ငံရဲ့ ဂုဏ်ယူစရာ ကောင်ငယ်လေးသာဖြစ်လေသည်။
" ကျွန်တော် ဒီလို ဓာတ်ပုံလှလှလေးတွေရိုက်ရဖို့ကို အချိန်ယူရတယ်ဆိုတာထက် စွန့်စားရတာတွေလဲများတယ် အခုလိုရှားပါးတဲ့ပန်းမျိုးစိပ်တွေက နေရာတိုင်းမှာမရှိတော့ တစ်ချို့ဓာတ်ပုံတွေအတွက် တောင်စွန်တောင်ဖျားထိ တက်ပြီးခက်ခက်ခဲခဲရိုက်ခဲ့ရတယ် "
" အခုလိုမျိုး တော်ရုံတန်ရုံမြင်ရခဲတဲ့ ပန်းပင်တွေကို ဗဟုသုတလဲရပြီး မြင်ဖူးသွားအောင် ခုလိုစွန့်စားသွားလာပြီးရိုက်ပေးတဲ့အတွက် ဆရာ Joen ကိုတကယ်ကျေးဇူးတင်ပါတယ် "
အင်တာဗျူးနေသည့် သူမအရှေ့က ဓာတ်ပုံဆရာလေးဟာ တကယ်ကိုငယ်ငယ်ရွယ်ရွယ်တဲ့ Photographer နယ်ပယ်မှာအောင်မြင်လွန်းတဲ့ လူငယ်တစ်ဦးသာဖြစ်သည်။ Joen ဆိုတဲ့မျိုးရိုးရဲ့အနောက်မှာ အရှိန်အဝါကြီးပြီး လွပတဲ့ Jungkook ဆိုတဲ့ အမည်နာမဟာ ထိုသူနှင့်လိုက်ဖက်စွာတည်ရှိ၏။
ပကာသနေတြမပါတဲ့ ဒီလူ၏ အပြုံးတွေက တကယ့်ကိုအေးချမ်းပြီး အကြည်ရောင်မျက်လုံးတွေက ဖန်ဂေါ်လီလေးလို ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလို့ အဖြူရောင်တီရှပ်နဲ့ Jean pant ဘောင်းဘီခပ်ပွပွကို လိုက်ဖက်အောင်ဝတ်ဆင်ထားတဲ့ ထိုလူသားကို သေဘာက်မိသလို ခံစားလိုက်ရသည်အထိ....ကိုဒီလူသားဟာဆွဲဆောင်မှုရှိသည်။
ဟန်ဆောင်ခြင်းကင်းတယ် ရဲရင့်တယ် ထက်မြတ်တယ် အရည်အချင်းလဲရှိတယ် ရုပ်ရည်ကလဲ သူမတူအောင်ကြည့်ကောင်းလွန်းတာ... ဒီလိုလူကို သူမ သေဘာက်မိတာ အလွန်မှမဟုတ်ပါလေ...သို့သော်လည်း သဘောကျချင်စရာကောင်းမိတဲ့သူ့ရဲ့အပြုအမှုတွေပေါ်မယိုင်လဲမှီ စိတ်ကိုပြန်လည်ချုပ်တည်းပြီး မေးစရာရှိတာတော့ဆက်မေးရအုံးမည်ဖြစ်သည်။
" ဒီအပတ်အတွင်းမှာပဲ တူရကီ ကိုခရီးထွက်ဖို့ရှိတယ်လို့ကြားမိတယ်.. အဲ့ဒါနဲ့ပတ်သတ်ပြီး ဘယ်လိုလှပတဲ့ဓာတ်ပုံလေးတွေရိုက်ကူးမယ်ဆိုတာကို ကျွန်မအပါဝင် ဓာတ်ပုံပညာကိုစိတ်ဝင်စားတဲ့သူတွေရော သဘာဝကိုမြတ်နိုးတဲ့သူတွေကပါ ဘယ်လိုလက်ရာအသစ်ဆန်းတွေထွက်လာမလဲ သိချင်နေပြီ မို့လို့ ပြောပြပေးပါအုံး "
" အာ.. ကျွန်တော် တူရကီ ကိုသွားမယ့်အကြောင်းက ကျွန်တော်ငယ်ငယ်ကတည်းက အရမ်းကိုမြင်ဖူးချင်ခဲ့တဲ့ အနက်ရောင်နှင်းဆီအစစ်ကို ကိုယ်တိုင်ရိုက်ကူးဖို့ပါ။ကျွန်တော့်လိုပဲ လူတွေကို နှင်းဆီနက် အစစ္ကို တကယ်မြင်ဖူးစေချင်တယ်... နှင်းဆီနက်က အပြင်မှာ တကယ်ကိုလှတယ်လို့ကြားဖူးတယ်လေ "
YOU ARE READING
DEAR ROSE 💔 ( Uni + Zaw)