Part 5 (1)

153 13 10
                                    

မထင်မှတ်ထားတဲ့ကိစ္စတစ်ခု​ကြောင့် မနက်စာကိုပိုလုပ်ရသည်။
လွယ်လွယ်ကူကူ macaroni cheeseပဲလုပ်ထား​ပေမယ့် တစ်​ယောက်​သောသူ​ကြောင့် Pasta​ပြောင်းလုပ်လိုက်ရသည်။ Cheese အနံ့ကိုမကြိုက်ဘူးဆိုတာကJimin​ခေါင်းထဲ​ရောက်လာပြီး Pasta​ထပ်လုပ်ရသည်။

​"​ဖေ​ဖေ ဒီ​နေ့ Pastaလား"

အိပ်ချင်မူးတူးရုပ်​လေးနဲ့​ဗြော​ရောက်လာပြီးသူ့ကို​မေးသည်။ ဆံပင်​လေးကိုခပ်ဖွဖွပွတ်လိုက်ပြီး.

"ဟုတ်တယ် သမီး​လေးရဲ့ ဒါ​ပေမယ့် Macaroni Cheeseလည်းရှိတယ်"

"Pastaပဲစား​တော့မယ်"

"မင်းသမီး​လေး သ​ဘောပါဗျာ"

​ဗြောက တစ်ခစ်ခစ်ရယ်ကာ ထမင်းစားခန်းထဲကိုသွားသည်။ ထမင်းစားခန်းထဲမှာ..

"App..အဲ​လေ မဟုတ်ပါဘူး ဦးဦး Yoongi"

"​ဗြော"

Jimin မီးဖိုခန်းက​နေ​ချောင်းကြည့်လိုက်မိသည်။ ​ဗြောက သူ့​ပေါင်​ပေါ်ကိုထိုင်ကာရယ်ပြ​နေသည်။ သူကလည်း သွားတန်း​လေး​တွေ​ပေါ်တဲ့အထိရယ်လို့..

"​ဦးဦးက ဒီကိုအလည်လာတာလား"

"မဟုတ်ဘူး သမီး​လေးရဲ့ ဟိုနားကအိမ်ကို​ပြောင်းလာတာ"

"ဟာ ​ကောင်းတယ် ဦးဦးနဲ့လာ​ဆော့လို့ရပြီ"

"ဒါ​ပေါ့ အချိန်မ​ရွေးဘဲ"

​ဗြောရဲ့ရယ်သံ​လေး​တွေသည်စီစီရီရီထွက်လာသည်။

တစ်ခါတစ်​လေ​တော့လည်းအတိတ်ကိုပြန်စဥ်းစားမိပြန်ပါသည်။ ဒီလို​တွေသာမဖြစ်ခဲ့ရင် သမီး​လေးကလည်း သူ့အ​ဖေနဲ့...​

​ပျော်ရွှင်စရာမိသားစု​လေး​ပေါ့...အပြစ်မတင်ပါဘူး။ တစ်ခါတစ်​လေ 0 နေပြန်စလို့ရခဲ့ရင်​ပေါ့ ပြန်ပြီး​ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်အဲ့ဒီအချိန်မှာ ကျွန်​တော့်မျက်စိ​တွေကိုဖွင့်ထားမိမှာ။
ခင်ဗျားတစ်​ယောက်တည်းကိုမြင်ခဲ့တဲ့ကျွန်​တော့်ရဲ့အမြင်​တွေကိုဖွင့်​ပေးခဲ့မှာ...ခင်ဗျားရဲ့စကားကိုပဲနား၀င်ခဲ့တဲ့ကျွန်​တော့်ကိုကျွန်​တော်​ရော..

"အ.."

​​​နာကျင်တဲ့အသိ​ကြောင့် အ​တွေး​ရေယဥ်​ကြောထဲက​နေထွက်ခွာလိုက်သည်။ အသီးလှီး​နေတဲ့ဓါးက လက်သူကြွယ်ကိုထိသွားသည်။ တိတိကျကျ​ပြောရရင် ဘယ်ဘက်လက်သူကြွယ်..

 SECONDWhere stories live. Discover now