မနက်ခင်းပိုင်းစာသင်ချိန်ပြီးတော့ ရှောင်းကျန့်ရယ်ယွီပင်းရယ် ကန်တင်းဆီထွက်လာခဲ့သည်...၊ ဒီမှာက နေ့လည်၃နာရီအထိနေရတော့ တက္ကသိုလ်တက်နေရသလိုပင် စာသင်ပြီးတာနဲ့ အားလုံးကကန်တင်းကိုပြေးကြတာမျိုး...။
ဝုန်း!
"ဟဲ့ ယွီပင်း ငါအရင်ထိုင်တာလေ"
"ဘာလဲ ငါအရင်ထိုင်လိုက်တာပါ သူထိုင်တာမင်းမြင်လားရှောင်းကျန့်"
"ဟမ် မမြင်ပါဘူး သူကဘယ်တုန်းကရောက်နေတာလဲ"
"နင်တို့ !"
ဝမ်မိန်မိိန်ကို ဘေးကသူငယ်ချင်းကအတင်းဆွဲခေါ်ကာ ရှောင်းကျန့်တို့ဘေးဝိုင်းမှာပဲဝင်ထိုင်စေသည်....ယွီပင်းကတော့လျှာတထုတ်ထုတ်ဖြင့် လှမ်းပြောင်ပြနေတော့ ဟိုဘက်က တစ်ရှုးဘူးနဲ့လှမ်းပေါက်လို့ အမြန်ရှောင်လိုက်ရသေး....၊
"ဒီက....ရှောင်းကျန့်?"
ရှောင်းကျန့်နဲ့ယွီပင်းတို့ မီနူးစာအုပ်ကိုအသဲအသန်ကြည့်နေကြတုန်း ရှေ့မှလူရိပ်ကျလာပြီး သူ့နာမည်ခေါ်သံကြားလိုက်တာမို့ ဆတ်ခနဲမော့အကြည့်.....
အင်း......ချောတယ်
"အာ စခန်းမှူး"
"စခန်းမှူးမဟုတ်ပါဘူး စုံထောက်ဝမ်ပါ ဝမ်ရိပေါ်လို့ခေါ်လို့ရပါတယ် အသက်အရွယ်အားဖြင့် အတူတူလောက်ပါပဲ"
"ဟုတ် စုံထောက်ဝမ် ဟို..."
"ကိုကို! နင်ဘာလာလုပ်တာလဲ"
ဘေးဝိုင်းမှဝမ်မိန်မိန်က သူ့အစ်ကိုဖြစ်သူကိုတွေ့တာနဲ့ လှမ်းအော်တော့သည်....
"ငါကဒီမှာလေ ဘာကိစ္စသူ့ရှေ့ရောက်နေတာလဲ"
"အာ အဲဒါက..."
"ကိစ္စရှိလို့ငါ့ရှေ့ရောက်နေတာ နင့်ကိုပြောပြစရာလား သိချင်ရင် ဒီတစ်ပတ်စာမေးပွဲအကျခံလိုက်လေ"
"နင်! ကိုကို နင်မြင်လား သူက..."
"ကဲ တော်ပြီ တော်ပြီ ရှောင်းကျန့် ငါအချိနိသိပ်မရလို့ ဟို ဆိုင်ကယ်သော့လေး..."
"ဆိုင်ကယ်သော့လား အဲဒါကလော့ကာခန်းမှာ အခုကနေ့လည်စာစားနေသေးလို့...."
