" ကျွန်တော်သဘောမတူနိုင်ဘူး"
"မင်းသဘောမတူလည်း အားလုံး
စီစဥ်ပြီးပြီ."
"Daddy ကျွန်တော့်ဘက် ငဲ့မကြည့်တာလား "
"ဟ တစ်ပင်လဲ လို့တစ်ပင်ထူတာအပြစ်လား "
"တစ်ပင်လဲလို့ တစ်ပင်ထူတာရောဟုတ်ရဲ့လား"
"ဘာရယ်"
"အဟက်မသိပါဘူး... တစ်ပင်မလဲခင် နောက်တစ်ပင် များ ကြိုစိုက်ထားသလားလို့ "
"ဘာ မိုက်ရိုင်းလှချည်လားကွ မင်းအမေ မရှိကတည်းက ဒီအရွယ်ထိ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားခဲ့တာ အဲ့လို ပြန်မိုက်ရိုင်းတတ်ဖို့မဟုတ်ဘူး မင်းအဲ့တာကိုနားလည်ထား"
ပြောရင်းချာခနဲ လှည့်ထွက်သွားသောသားဖြစ်သူအား..
"ဟေ့ကောင် ငါပြောလို့မပြီးသေးဘူး"
"တိုင်ပင်တာမဟုတ်ဘူးမလား "
"ဘာရယ်"
"နောက်အိမ်ထောင်ပြုတာကို တိုင်ပင်တာမဟုတ်ပဲ အသိပေးယုံပဲမလား ဒါပဲဆို Clubသွားပြီ.. မဟုတ်လဲလုပ်မှာအတူတူ ညီညီစစ်ပြိုင် တို့က အချိန်ကုန်မခံဘူး "
"တောက် ဟေ့ကောင် ငါပြောလို့မပြီးသေးဘူး "
ပြောစကားပင်မဆုံးလိုက် ချာခနဲ
လှည့်ထွက်သွားသော တစ်ဦးတည်းသောသားဖြစ်သူသည် ဖအေတူသားပင်ဖြစ်သည်။ ငယ်စဥ်က မိခင်၏ အလိုလိုက်မှုနှင့်အတူ ခေါင်းမာတာမှ အစ ပြန်ခံပြောတတ်သော ထိုပုဂ္ဂိုလ်လေးအား မချစ်ဖူးလို့ ငြင်းမရ ချေ။ မအေဘက်ကလည်း သူ့အဒေါ်တွေက အပျိုကြီးတွေလို့ပင်မပြောရ မျိုးဆက်ထဲ တစ်ဦးတည်း သောတူလေးအား ချစ်လိုက်တာမှတုန်လို့ ။
သေချာသည်။ ထိုကလေး ထုံးစံအတိုင်း ကားတစ်စီးနဲ့ ရန်ကုန်ပတ်မည်။ သူသာအထင်မမှားလျှင် Clubသို့မဟုတ် Barတစ်ခုခု မှာ ရောက်နေမည် ။ အရက်မူးအောင်သောက်ပြီး ပြဿနာရှာ၍ စခန်း သို့မဟုတ် ရက်ကွက်ရုံးရောက်လျှင်
NAE ကုမ္ပဏီ ရဲ့ ဥက္ကဌဦးညီညီသွင်ရဲ့ သား ညီညီစစ်ပြိုင်ဟုခေါင်းစဥ်တတ်၍ ဖအေဖြစ်သူအား အရွဲ့တိုက်မည်။ အင်းဒီကလေး တော်တော်ဆိုးနေပြီဖြစ်သည်။