ONE DAY

11 1 1
                                    

အစလည်းမရိှလည်းမရိှခဲ့သလို အဆုံးလည်းရိှလာမှာမဟုတ်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ။
တဖတ်သတ်အချစ်လေးတစ်ခုပါပဲ။
ကျောင်းရဲ့ကြိုဆိုပွဲမှာစတွေ့ခဲ့တဲ့သူကို မြင်မြင်ခြင်းချစ်ခဲ့မိတာလေးပါပဲ။
လက်မှာပန်းချီထိုင်ဆွဲပေးနေတဲ့ အကိုကို့ အတွေးထဲကထုတ်မရခဲ့ပါဘူး။
ကိုယ့်ကိုသတိမထားမိတဲ့သူတစ်ယောက်။
နေ့ရက်တိုင်းကိုမင်းနောက်လိုက်ရင်းကုန်ဆုံးစေခဲ့တယ်။
နောက်ကလိုက်နေရုံလေးပါပဲ။ဘာကိုမှမမျှော်လင့်ပဲပေါ့။
ချစ်သူမဖြစ်ချင်ခဲ့ဘူး ငေးပဲကြည့်နေချင်ခဲ့တာ။
တစ်နေ့နေ့တော့သိစေချင်ခဲ့တယ် အမြဲတမ်းချစ်နေခဲ့တယ်ဆိုတာ။
အမြဲအသဲကွဲနေတဲ့သူ့ကို နောက်ကိုလှည့်ကြည့်စေချင်ခဲ့တယ်။
ငါရိှနေသေးတယ်ဆိုတဲ့အကြောင်းလေးသိစေချင်မိတယ်။
ကံကြမ္မာကတောင် ငါ့ကိုမသနားဘူးနော်။
ဘာမျှော်လင့်ချက်မှမရိှဘဲနေတာတောင် နေခွင့်မပေးခဲ့ဘူး။
မင်းနဲ့ငါရဲ့ တွေ့ဆုံမှုတွေကို ပိတ်ပင်ခဲ့တယ်။
ဘယ်လောက်ဝေးဝေး ဘယ်လောက်ကြာကြာ ဘယ်နေရာပဲရောက်ရောက် မင်းကို ချစ်နေဆဲပါ။
မင်းဆိုတဲ့ဖြစ်တည်မှုနောက်မှာ ငါဆိုတဲ့ဖြစ်တည်မှုသေးသေးလေးရိှနေပါသေးတယ်။
တစ်ေန့တော့ သိပ်ချစ်တဲ့အကြောင်းတွေ ပြောပြချင်ပါသေးရဲ့ ။

You've reached the end of published parts.

⏰ Last updated: Aug 31, 2022 ⏰

Add this story to your Library to get notified about new parts!

ONE DAYWhere stories live. Discover now