🌹Part-3🌹

470 28 0
                                    

နွေ​လေရူး ကတိုက်ခတ်ကာ​နေ၏။​နွေ​လေရူးကြောင့်​ မေ တစ်​ယောက်အ​တွေးများရပြန်တယ်။​မေဟာသိပ်ကိုအ​တွေးများတဲ့မိန်းက​လေးပါပဲ။တစ်​ယောက်ထဲထိုင်နေ​ရင်လဲတွေး​၊လမ်း​လျှောက်ရင်လဲ​တွေး၊တစ်ခါတစ်​​လေ အစားစားနေရင်း​တွေး​နေပြန်သည်။ခုလဲ ​မ​နေ့က ဆရာမ​​လေးနဲ့​တွေ့ဆုံမှုအား ပြန်လည်​တွေး​တော​နေ​လေသည်။ ဆရာမ​လေးနဲ့ပတ်သက်လာလျှင်မေ့မျက်နှာက သိန်းထောင်ဆုကြီး ပေါက်သလို ပြုံးဖြီးကာနေ၏။

"ဟီး ..ရှက်လိုက်တာ" ဆိုပြီးမျက်နှာအားလက်နှစ်ဖက်
ဖြင့်အုပ်ထားလိုက်သည်။တစ်​ယောက်ထဲ​တွေးပြီး တစ်ခါတစ်​လေပါးစပ်ကလဲ ​ရေရွတ်နေတတ်​သေးသည်။ခုလဲဆရာမ​လေးနဲ့​တွေ့ချိန် ဆိုင်တွင်သူမပြုမူခဲ့ပုံများအား​တွေးပြီးရှက်​နေပြန်သည်။​မေဟာ တကယ့် အရူးမ​လေးပါပဲ။

​"ကျောင်းမြန်မြန်ဖွင့်ပါ​တော့ရှင်...
ဟင်..ကျောင်းဖွင့်ရ​အောင် သင်္ကြန်လဲမ​ရောက်သေးဘူး
အို..ဒုက္ခပဲ ​ကျောင်းဖွင့်မှ သူမနဲ့​တွေ့ရမှာကို သင်္ကြန်သာမြန်မြန်ကျပါ​တော့ရှင် ဟူးးး"

🎼လွမ်းရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း...
လွမ်း..ရင်ထဲရှိတဲ့ဒီဇာတ်လမ်း...
​နွေရာသီရွက်​ကြွေ​မြေ​ပေါ်​ပြေးလွှားလို့လွင့်​နေစဥ်မှာ
သူ့အ​ကြောင်းကို​တွေး​တောရင်း
တမ်းတလို့ လွမ်းမိတယ်​လေ....🎼

သီချင်းသံကို ကြားသည်နှင့်အ​တွေးများခဏ​ပျောက်သွား​လေသည်။သီချင်းသံကို နားစွင့်ကာ နား​ထောင်​နေမိသည်။

" ဒီသီချင်း ငါကြားဖူးပါတယ် ၊​နေပါဦး "

🎼ဟိုစဥ်တစ်ချိန်​နွေအခါ
သူရယ် တို့နှစ်ဦးရင်းနှီးလို့...
ပညာရှာရင်းနဲ့​ကျောင်းကြီးရဲ့
အရိပ်​အောက်မှာ...
ချစ်ကြသူ​တွေအဖြစ်​ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူ​တွေလို့အများက သတ်မှတ်ခဲ့တယ်...
ငယ်စဥ်ဟိုတစ်ချိန်က
တို့ဘဝရဲ့အတိတ် ဒီဇာတ်အလွမ်း...🎼

"အို...လွမ်းပါတယ်ဆို​နေမှပဲ ဒီသီချင်း​ကြောင့်အလွမ်းပိုရပြန်ပြီ"

"ငါ့အဖြစ်ကလဲ ဒီသီချင်းလိုပါလား​ "

"လွမ်းတယ်...သိပ်လွမ်းတာပဲ ဆရာမရယ်...
ဆရာမက ဘာလို့အဲ​လောက်​တောင် ​​မေ့ စိတ်ကိုစိုးမိုး​နိုင်ရတာလဲ ဟူးးးး"

"ဆူး..."Where stories live. Discover now