အလွမ်းစာလေးတစ်စောင်

2.9K 213 7
                                    

အလွမ်းစာလေးတစောင် ......

မမြင်ဖူး ၊မတွေ့ဖူး ပါပဲနဲ့ လွမ်းတယ်လို့ပြောရင် လူရယ်စရာများ ဖြစ်လို့နေမလား ။ မရဖူးပါပဲနဲ့ ထိုမြတ်နိုးရာလေးရဲ့ ကိုယ်သင်းရနံ့ကို တမ်းတမိ​နေတယ် ။မနက်မိုးလင်း လို့ မျက်နှာသစ်ရင် "ဒီအချိန်ဆို သူဘာများလုပ်နေမလဲ" ဆိုတဲ့ မေးခွန်းတွေနဲ့ အစချီမိတယ် ။ အဲ့လိုပါပဲ မနက်စာ စားချိန်ကျတော့လည်း "ဒီအချိန်ဆို မနက်စာစားနေရောပေါ့" ဆိုတဲ့ သူရော ဆိုတဲ့ မေးခွန်းတွေကို ထပ်ခါတလဲလံမေးမိပြန်ရော ။ ယခင် ရှေ့ရှေ့မှာတွေတုန်းက အချစ်လို့ ထင်ထားတဲ့ ရင်ခုန်သံများဟာ အခု သူစိုးမိုးထားတဲ့ ရင်ခုန်သံနဲ့လားလားမှ မဆိုင်တယ် ၊ ဒါဟာ ရင်ဘတ်တစ်ခုလုံးနဲ့ ချစ်သွားတဲ့ ချစ်ခြင်းများလား ။ နည်းနည်းလေးမှတော့ ဒီမြတ်နိုးရာလေးကို အထိခိုက်မခံနိုင်နေတာ လည်း ရယ်စရာပါ ၊ အင်း ဘာဆိုတော့ သူ့လို အစစအရာရာမှာ ပြီးပြည်စုံနေတဲ့ ကြယ်ပွင့်လေးကို ကိုယ်လို မောကြည့်ရုံပဲ တတ်နိုင်တဲ့ လူက စိတ်ပူနေမိတာကိုး ။ ချစ်မိတော့လည်း ဘယ်လောက်ပင် ပြီးပြည်စုံနေပါစေ ၊ဘယ်လောက်ပဲ ကိုယ့်ထက် အသက်တွေကြီး​နေပါစေ ကလေးလေးတစ်ယောက်လို တယုတယနဲ့ နွေးထွေးပေးချင်နေတော့တာ ။ တစ်နေ့ကို ကော်ဖီ သုံးခွက် သောက်တတ်တဲ့ သူရဲ့ တနေ့တာမှာ ကျွန်မနဲ့တူတူ ကော်ဖီ တစ်ခွက်လောက်ပဲ လက်ဆုံ သောက်ပေးဖို့ ကျွန်မ ခွင့်ပန်ချင်သော်လည်း ဘယ်ဆုတောင်းမှ ပြည့်လေ့မရှိတဲ့ ကျွန်မဘဝကို ကျွန်မစိတ်ပျက်မိတယ်။ ဒါတွေဟာလည်း အိပ်မက်ပါပဲလေ ဆိုပြီး စိတ်နှလုံးသွင်းမိပေမဲ့ ပုထုစဉ် လူသားမို့ ကိုယ်ချစ်သူကိုတော့ အနားမှာရှိစေချင်မိတယ် ။တချို့က​ လက်ကိုင်ထားတယ် "အိပ်မက်တွေက ဈေးကြီးတယ်" တဲ့ ။ ဟင့်အွန်း ကျွန်မ ကတော့ ဈေးကြီးတာထပ် ထိုမြတ်နိုးရာနဲ့ပတ်သတ်ရင် အိပ်မက်တွေဟာ ကျွန်မနဲ့ မထိုက်တန်ဘူး လို့ပဲ တွေးထားတယ် ။ မြတ်နိုးရာရပ်ဝန်းက မြတ်နိုးဖွယ်ရာလေးရေ မင်းကတော့ အရာရာနဲ့ထိုက်တန်တဲ့ ပန်းကလေးတစ်ပွင့်ပေါ့ချစ်သူရယ်....

seong martinez
1.9.2022

မပိုင်ဆိုင်ရရင်တောင် ချစ်တာလေးတော့ သိစေချင်တယ် အချစ်ရယ်Where stories live. Discover now