Beyond The Cloud (part1) Uni

603 38 0
                                    

Beyond The cloud

''ဟိုး တိမ်တိုက်တွေရဲ့အလွန်မှာ အရမ်းကို လှလွန်းတဲ့ ဒဏ္ဍာရီလာမျိုးနွယ်စုနေတယ်တဲ့''

သီယိုဒေါ လေးသည် မယ်တော်ဖြစ်သူ၏ မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးမှ ကြယ်ရောင်စုံကောင်းကင်ပြင်ကြည်ကြီးကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။
''တမန်တော်နတ်သားတွေလား မယ်မယ်''

ညဘက်ဖြစ်သည့်အတွက် နေ့ခင်းဘက်လို လှပသည့် တိမ်တိုက်များမရှိသော်လည်း ရှုမငြီးဖွယ် ကြယ်ရောင်စုံတို့ တဖျပ်ဖျပ်လက်နေ၏။ကလေးပီပီ ထိုကြယ်စင်တို့ကို လက်ဝယ်ပိုင်ချင်စိတ်တဖွားဖွား။

''အဟွန့် မဟုတ်တာ သားရဲ့! တမန်တော်တွေက အခြားဘုံမှာနေတာ! ဒဏ္ဍာရီလာမျိုးနွယ်စုဆိုတာ သာမန်ထက် ထူးခြားလွန်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့လူတွေပေါ့''

''ဒါဆို သားရော သူတို့နဲ့တွေ့ခွင့်ရှိမလားဟင် မယ်မယ်?''

''ဒါပေါ့ သားရဲ့ သားလေးစိတ်ကို ဖြူစင်အောင်ထား! သူတို့တွေက စိတ်ထားဖြူစင်တွေတဲ့လူတွေကိုပိုကောင်းချီးပေးတယ်တဲ့''

''ဟုတ်မယ်မယ်...သား လိမ္မာတဲ့ကောင်လေး ဖြစ်ပေးမယ်နော်''

အိပ်ရာဝင်ပုံပြင်တိုင်းဟာ ''တိမ်တိုက်တွေရဲ့ အလွန်''ဟူသော စကားနှင့်အစချီသည်။ဘယ်လောက်တောင် နားထောင်ရပါစေ သီယိုဒေါ မငြီးငွေ့ခဲ့။ယုံတမ်းဒဏ္ဍာရီတွေသာ ဖြစ်ကြောင်းနားလည်ချိန် မယ်တော်မရှိတော့။မယ်တော်၏ အမွေဖြစ်သော ထိုပုံပြင်များကိုသာ စွဲလမ်းယုံကြည်ခဲ့လျက် လူကောင်းဖြစ်အောင် သီယိုဒေါ ကြိုးစားခဲ့သည်။သို့ပေသိ ထီးနန်းပုလ္လင်ဆက်ခံရမည့်သူ၏လက်ဝယ် သွေးမစွန်းထင်း၍ မရခဲ့လေသည့်အခါ။

သီယိုဒေါသည် နန်းဆောင်ပြတင်းပေါက်ကို မှီလျက် တိမ်တိုက်တို့အလွန်မှ ရောင်ခြည်ဆောင်စ နေမင်းကို ငေးမောကြည့်ရှုနေမိသည်။
''တိမ်တိုက်တွေရဲ့အလွန်....လှပလွန်းတဲ့ တိမ်တိုက်တွေရဲ့အလွန်မှာ တကယ်ပဲ မင်းတို့ရှိနေသလား?... ဒဏ္ဍာရီမျိုးနွယ်စုတဲ့...ကျုပ်တော့ ကြာရင်..အဖြူရောင်လုံးလုံး ပျက်စီးပြီး သွေးလမ်းခင်းမိတော့မယ်..ဒါမှမဟုတ် မင်းတို့ကဖြူစင်မှုကိုပဲ ကြိုက်နှစ်သက်သူတွေမို့ ကျုပ်ထံ လုံးဝမရောက်လာခဲ့တာလား''

Beyond The Cloud(TwoShort )Where stories live. Discover now