[UNICODE]
မူးယစ်ဆေးတွေလား?
ဒီကမ္ဘာကြီးတစ်ခုလုံးမှာလီဆာ
အကြိုက်ဆုံးနဲ့ပတ်သက်စွဲလမ်းခဲ့ဖူးတဲ့
တစ်ခုတည်းသောအရာတွေလေ။လီဆာ
လူတစ်ယောက်နဲ့မပတ်သက်ဖူး
ခင်အထိအဲ့မူးယစ်ဆေးတွေကိုအသက်ထက်စွဲလန်းခဲ့ဖူးတာ။အချစ်ဆိုတဲ့အရာနဲ့မပတ်သက်မိ
ခင်အထိအမှန်တွေဖြစ်ခဲ့တာ။"ရှင့်..သမီး..ရှင့်သမီးလေ...ဆေးစွဲနေပြီရှင်ရဲ့!သိရဲ့လား ရှင့်သမီးမိုက် က ဆေးစွဲနေပြီ"
အဲ့တုန်းကOmmaကAppaကိုငိုပြီး
ပြောနေတဲ့အသံတွေကိုအခန်းထဲကကြား
နေခဲ့ရသည်။"အဟက်!အပါး က အိုမားနောက်ကွယ်မှာဖောက်ပြန်နေတာ အိုမား မှမသိသေးပဲကိုး"
ဖောက်ပြန်တက်တဲ့အချစ်ကို
စွဲတာနဲ့ဆေးစွဲတာမှာဆေးစွဲတာကပိုမကောင်းဘူးလား။မူးယစ်ဆေးရည်တွေကအကြောထဲ
ဝင်သွားတဲ့အဆုံးခံစားလိုက်ရတဲ့ခံစားချက်တွေကဘာနဲ့မှမလဲနိုင်။
ပါးစပ်ကအသံထွက်ပြီးကျေနပ်နေမိတဲ့အထိ။ဒီလူံးဝခံစားလို့ကောင်းတဲ့
ခံစားချက်ကိုအမေတို့မှမသိတာ။
သိပ်ကိုခံစားလို့ကောင်းတဲ့ခံစားချက်ကိုလေ။ဟုတ်တယ်။
အိုမားပြောသလို
လီဆာမူးယစ်ဆေးတွေစွဲနေပြီ။
အပါးဖောက်ပြန်တာကိုပါသိလို်က်ရတဲ့အချိန်ကစလို့စိတ်ညစ်ပြီး
တစ်စတစ်စစမ်းသုံးကြည့်ရင်းနဲ့
နောက်တော့ကိုယ်တိုင်ပါစွဲသွားတာပဲ။ဲလီဆာကိုလီဆာသတိထားကြည့်မိချိန်မှာတော့လုံးဝကိုဖြတ်လို့မရအောင်ထိကိုကြိုက်နှစ်သက်ပြီးစွဲလမ်းနေခဲ့မိတာပဲ။
"ဒါဘယ်သွားဖို့လဲ လီဆာ!"
"ဆေး
သံုးစရာကုန်သွားလို့ထပ်သွားဝယ်ဖို့""ဘာ..နင်သမီးမိုက်!!"
မူးယစ်ဆေးတွေကို
မိမိအသက်ထက်တောင်ပိုချစ်ခဲ့သည်။
ပိုကြိုက်နှစ်သက်ခဲ့သည်။
ပိုစွဲလမ်းခဲ့သည်။
လီဆာကိုဘယ်သူကမှ
တားဆီးလို့မရခဲ့။အိုမားကလီဆာစိတ်ကြောင့်နဲ့လုံးလုံးလျားလျားဆေးရုံပေါ်လဲသွား
တော့မှပဲဒီမူးယစ်ဆေး
တွေဖျက်ပစ်လိုက်ဖို့
ဆုံးဖြတ်ခဲ့တာ။