Part 1(uni)

1.3K 104 7
                                    

"Khun Bible krub!! Khun Bible!! "
အသံစူးစူးနဲ့တံခါးကိုတစ်ဒုန်းဒုန်းထုနေတဲ့ အသံကြောင့် ငါအိပ်စုံမှုန်မွှားနဲ့နိိုးလာတယ်။

အိပ်ယာဘေးကခုံပေါ်တင်ထားတဲ့ ဖုန်းကိုကောက်ယူပြီးနာရီကြည့်လိုက်တော့ မနက်၆နာရီ။

ကျစ်! ညကငါစာလုပ်နေလို့အိပ်ယာ၀င်တာနောက်ကျလို့ပါဆို။

ငါတကယ်ဒေါသထွက်အလိပ်လိုက်ထွက်သွားတာ။တော်ရုံတန်ရုံဆိုဒေါသမထွက်ပေမယ့် အိပ်နေတာကိုလာနှိုးရင် ရင်ထဲကအသည်းထဲကနေတောင်မုန်းသည်။

ခုလာနိုးတဲ့အသံပိုင်ရှင်ကိုဆို ၂ဆ စိတ်ရှုပ်သည်။ဒီအသံအနေအထားဆိုကတည်းကဘယ်သူလဲငါသိပြီးသား။ သူကငါ့အခန်းဘေးကအခန်းဖော်ပဲ ။ငါလဲဘယ်လိုရေစက်လဲတော့မသိပါဘူး။

ငါ့အိမ်နဲ့နီးတဲ့ကျောင်းကိုမရွေးပဲ ငါ့ careerကို
အင်ယာဘက်ကိုရွေးလိုက်တော့ အဲ့ကျောင်းနဲ့နီးတဲ့နေရာကိုလိုက်ရှာရတော့တာ။
နီးတဲ့နေရာတွေကရှာရတာမခက်ပေမယ့်
သူတိို့က အိမ်မွေးတိရစ္ဆာန်ကိုခေါ်ခွင့်မပြုထားဘူးလေ။
ငါကငါ့သားလေးကိုဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ အထက်တန်းကျောင်းသားဘ၀ကသူငယ်ချင်းတွေနဲ့ အလည်အပတ်ပျော်ပါးရင်း လမ်းမှာချမ်းတုန်နေတဲ့ ကြောင်ပေါက်လေးဘ၀ကနေ ခုလိုကျန်းကျန်းမာမာနဲ့ သူများကြောင်မကိုသွားဖွန်ကြောင်နိုင်တဲ့ Grey ဖြစ်အောင်ထိငါပဲကြည့်ရှူစောင့်ရှောက်ခဲ့ရတာ။

ငါလဲကြောင်တစ်ကောင်ပိုက်ပြီး နေရာရှာနေရင်းကနေ ဒီတိုက်ခန်းလေးကိုတွေ့တော့တာပဲ။ ကြောင်ကိုလဲလက်ခံတယ် ကျောင်းနဲ့လဲနီးတယ် အောက်ထပ်မှာလဲကြောင်လေးတွေဆော့စရာ ကြောင်မူကြိုတောင်ရှိတာတဲ့လေ ။

ဘယ်လောက်အဆင်သင့်လိုက်သလဲ။ ငါကျောင်းသွားနေရင် ငါ့သားကိုကြောင်မူကြိုပိို့ခဲ့ရုံပဲ။ အကုန်အဆင်သင့်ဖြစ်နေပြီး ငါ့ဘ၀ကအတော်အဆင်ပြေနေပြီထင်ခဲ့တာ ။

အထင်နဲ့အမြင်တက်တက်စင်အောင်လွှဲတော့တာပဲ။ သားသမီးမကောင်း မိဘခေါင်းပေါ့လေ ။ငါ့ရဲ့အတုမရှိ grey ကကြောင်မူကြိုက ကြောင်မလေးကိုကြိုက်လာသတဲ့။ ငါအတည်စိတ်ညစ်တယ် ။ ကြိုက်တာကငါ့ဘက်ဘာမှမဖြစ်ပေမယ့် ကြောင်မလေးရဲ့အဖေက...

သောက်ပြသာနာဘယ်ကစ? ငါ့ကြောင် grey ကစ (Completed) Where stories live. Discover now