part 4 (zawgyi)

332 11 0
                                    

တီ..တီ...တီ
နိုးစက်ကတော့သူ့တာဝန်အတိုင်း မနက် ၅နာရီအတိမှထမြည်လာသည်။

အင်း ငါကအရင်ကဆို မနက်၁၀နာရီမှပဲထတာလေ ဒါပေမယ့် grey ကောင်းမှုအကြောင်းပြုပြီး ခုဆို၅နာရီတစ်ခါထ လုပ်စရာရှိတာထလုပ်ပြီးမှ ပြန်အိပ်ရတဲ့ဘ၀ရောက်သွားနေတာ၁လကျော်ပြီလေ။

လုပ်စရာကတော့တခြားမဟုတ်ပါဘူး။
Bui မနက်ခင်းအချိန်ပိုင်းအလုပ်မသွားခင်  ကြောင်စာနဲ့ choco အတွက်ဆေးအထုတ်လေးတွေတံခါးဝမှာသွားချပေးတာပဲ။

ဘာလို့ဆို သူ့ကိုလူချင်းတွေ့ပြီးပေးရင် ငြင်းလွှတ်တယ်လေ ဒီလောက်အခက်အခဲဖြစ်နေတာတောင် မာနခဲလေးလုပ်တုန်း ။
တကယ်တော့ငါလဲလျှစ်လျှူရှုလို့ရနေပေမယ့်
မလုပ်နိုင်ပါဘူး လျစ်လျူရှုဖို့အတွက်အရမ်းချစ်စရာကောင်းလွန်းနေတယ် ။

အရင်တစ်ခါဆေးထည့်ပေးတုန်းကတည်းက ငါသေချာသွားတာက ဒီအခြေအနေကလေ
ငါ့ရင်ဘတ်ထဲကကောင်က အချောအလှလေးတွေ့လို့ သာမာန်ခုန်တာမဟုတ်သလောက်ဖြစ်နေပြီ။
တော်တော်နစ်ဝင်နေပြီလို့လဲခံစားမိတယ်။

ဟင်းးးဘယ်လိုလုပ်ရပါ့။

ငါလဲထုတ်စရာရှိတာတွေထုတ်ပြီး တံခါးပေါက်မှာသွားချတုန်းရှိတယ် ။
တံခါးကဂျောက်ကနဲပွင့်လာသည်။
ငါလဲလှည့်ပြေးမလို့လုပ်ပေမယ့်

"Bible မ...မပြေးပါနဲ့"
ငါသူ့ကိုကျောပေးထားတုန်းပဲ ။

"ကျေး..ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော်ပြောထားတဲ့အတိုင်း သနားစိတ်တစ်ခုထဲနဲ့တော့ ဒီလိုတွေလုပ်ပေးဖို့မလိုပါဘူး"

စိတ်ညစ်လိုက်တာ ငါက
သူ့ကိုသနားချင်တဲ့စိတ်ကြောင့်မဟုတ်ဘူးလေ။
စားချင်တဲ့စိတ်ကြောင့်ပါဆို
မဖြစ်သေးပါဘူး။ ငါလှည့်ကြည့်လိုက်ပြီး

"Bui "
ငါသူ့နာမည်လေးကိုခေါ်တော့မော့ကြည့်လာတဲ့မျက်ဝန်းညိုညိုလေး။

"ကိုယ်ပြောမယ်နော် မင်းလဲမင်းကြောင်ကိုချစ်သလို ကိုယ်လဲ  grey ကိုချစ်တာပဲ
Grey ကြောင့်ဖြစ်လာတဲ့ဟာတွေကို
တာဝန်ယူရမယ်ဆိုတာပုံမှန်ပေမယ့်
ဒီကိစ္စကအဲ့တာတစ်ခုထဲကြောင့်မို့မဟုတ်ဘူး
မင်းနဲ့လဲပြေလည်ချင်လို့လဲပါသလို
ကူညီချင်တာရောကစိတ်ရင်းအမှန်ပါ
အပေါ်ယံသပ်သပ်ဆိုမင်းပထမတစ်ခါငြင်းကတည်းကကိုယ်လက်လျှော့လိုက်ပြီ
ခုလိုအိပ်ရေးပျက်တောင်မခံတော့ဘူး
ပြီးတော့ ကြောင်တွေက 63-65ရက်လောက်ဆိုမွေးတာသိတယ်မလား Choco လဲ
မွေးမယ့်ရက်ကကပ်နေလို့မင်းစိတ်တွေမချဖြစ်နေတာကိုလဲသိတာမို့ ကိုယ့်ကို ဒီတစ်ခုလေးတော့ခွင့်ပြုပေးပါ"

သောက်ပြသာနာဘယ်ကစ? ငါ့ကြောင် grey ကစ (Completed) Where stories live. Discover now