_Rollercoaster_

1.7K 158 30
                                    



ဖန်ခွက်အချင်းချင်း ပွတ်တိုက်သံတွေ....

ကြမ်းပြင်ပေါ်ပြန့်ကျဲသွားတဲ့ ဝိုင်နီနီတွေ...

ကျယ်လောင်နေတဲ့ သီချင်းသံတွေ....

ရင်ခုန်သံတွေ အေးစက်သွားတဲ့ အချိန်....










သောကြာနေ့ညက ကျန်တဲ့လူတွေအတွက်တော့ မသိပေမယ့် သူ့အတွက်ကတော့ စိတ်ကုန်စရာပင်။ တပတ်လုံး အလုပ်လုပ်ပြီး ပင်ပန်းနေသော
ခန္ဓာကိုယ်က ပုံမှန်အလုပ်မလုပ်နိုင်တော့ပေ။ ဒါပေမယ့် ခန္ဓာကိုယ်ထပ် စိတ်က ပိုအလုပ်မလုပ်နိုင်တာဆိုမှန်လိမ့်မယ်။

လွန်ခဲ့‌ေသာတစ်နှစ်။ ယခုလို သောကြာနေ့ညမျိုးမှာပင် ထိုလူနဲ့ စတင်တွေ့ဆုံခဲ့မိသည်။ ဆုံတွေ့ခဲ့တဲ့ ရေစက်သေးသေးလေးကနေ ဒီလို စိတ်ဒုက္ခကြီးဖြစ်လာမယ်ဆိုတာသာ သိခဲ့ရင် ဘယ်တော့မှ ထိုပါတီကို ပြန်သွားတော့မည် မဟုတ်ပေ။




.

.

.

"ဂျိတ်ခ် ... ဒီဘက်ဝိုင်းကို လာပေါင်းထိုင်မလား? ငါတို့မတွေ့ရတာကြာနေပြီပဲ"

ဒီ‌ညက တက္ကသိုလ်တုန်းက ခင်ခဲ့တဲ့ အတန်းခေါင်းဆောင်ရဲ့မွေးနေ့။ လူငယ်တွေသဘာဝ ကလပ်မှာ ပါတီအသေးလေးလုပ်ပြီး သောက်ကြစားကြမည်ဖြစ်သည်။

လုပ်ငန်းခွင်ရောက်နေသော အရွယ်ဖြစ်တာကြောင့်ရော သောကြာနေ့ညရော ဖြစ်တာကြောင့်ရောပင် ပုံမှန်ရေချိန်ထက်ကျော်လွန်ကာ ‌သောက်ပစ်ရန် တွေးလိုက်သည်။ အတူတူပါလာသော ဂျေးကတော့ ဆောနူဆီသွားရဦးမည်ဖြစ်တာကြောင့် သိပ်မသောက်ပေ။ 

သူငယ်ချင်းတွေ စကားပြောလိုက် သောက်လိုက်စားလိုက်နဲ့ ရေချိန်အတော်ကိုက်သွားသည်။ ဒါပေမယ့် နဲနဲလောက်မူးလာရင် သူများထပ်ထူးတတ်သော ဂျိတ်ခ်ကတော့ Beverage counter ဆီသို့သွားကာ ခပ်ပြင်းပြင်းကော့တေးကို စပ်ခိုင်းနေပြန်သည်။

လက်ထဲကဖန်ခွက်လေးကို တချက်လှုပ်လိုက်ပြီး မော့ချလိုက်တော့ လည်ပင်းတစ်လျှောက် အပူဓာတ်က ဖြင်းခနဲပင်။ မူးနေသော ခေါင်းကို တချက်ခါယမ်းပြီး ထိုနေရာမှာပင် ငြိမ်ငြိမ်ကလေးထိုင်ကာ ဟိုကြည့်ဒီကြည့်နှင့် မျက်လုံးကစားမိသည်။

You've reached the end of published parts.

⏰ Last updated: Sep 21, 2022 ⏰

Add this story to your Library to get notified about new parts!

SAVE ME TIL' THE PARTY IS OVER//SUNGJAKEWhere stories live. Discover now