EP2(U&Z)

2.5K 386 7
                                    

..[U ]

သူတို့နှစ်ယောက် ပစ္စည်းတွေထည့်သိုပြီး
ကျောင်းအပြင်ဘက် သို့ထွက်လာလိုက်တယ်၊ ကုအိမ်မှကားဒရိုင်ဘာကလည်းကျောင်းတံခါးဝ၌ကားရပ်ပြီးစောင့်ဆိုင်း
နေတယ်၊

" ရော့!"

ကုတျန့်က ချွီစော်အား ပူရှိန်းအရသာ
ရှိတဲ့ ဖျော်ရည်ဘူးလေး တဘူးပေးလာတယ်

ချွီစော်က သတိလက်လွတ်ဖြင့်ယူလိုက်ပြီး
ပုလင်းအဖုံးကို ဖွင့်ကာ ခေါင်းလေးစောင့်၍ ပါးစပ်အပြည့်ငုံလိုက်ရာ သူ့အာဒံပန်းသီးလေးတွေကအပေါ်အောက်ရွေ့လျားပြီး
အရာပေါ်ရုံလောက်လေးသာရှိနေတယ်။

"သူ့ရဲ့ လည်စလုတ်ကဘာလို့ ကွဲကွဲပြားပြား
မရှိသေးတာလဲ ?"

ကုတျန့် က ချွီစော်ရဲ့ သွယ်လျတဲ့ လည်ပင်းလေးကို ငေးကြည့်နေမိရင်းချောင်းတချက်ဆိုးကာမျက်လုံးတွေကိုအလျင်အမြန် ဆုတ်ခွာလိုက်တယ်။

ချွီစော် က ငယ်ငယ်လေးထဲက မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးပြီး အိုမီဂါဖြစ်ကြောင်း အပြင်လူတွေမသိကြပေမယ့်ကုမိသားစုနဲ့
ချွီမိသားစုတို့သာ သိခဲ့ပြီးအလွန်အမင်း
ပျော်ရွှင်နေခဲ့ကြတယ်။

ကုမိသားစုနဲ့ ချွီမိသားစုတို့ကသူငယ်ချင်း တွေဖြစ်ကြတယ် ၊ကုမိသားစုက ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းကို လုပ်ကိုင်ပြီး
ချွီမိသားစုက စူပါမားကတ်တွေ အများအပြားပိုင်ဆိုင်ကြတယ်။

သူတို့ လက်ရှိနေထိုင် တဲ့ ဗီလာကိုလည်း
မာမားချွီနဲ့ မာမားကုတို့ကဘေးချင်းကပ်ပြီး
ဆောက်ထားတယ်၊မိသားစုနှစ်စုက
လမ်းကျဥ်လေး တစ်ခုသာခြားတာမို့
ကုတျန်နဲ့ ချွီစော်က သူတို့ကိုယ်သူတို့
ဘယ်သောအခါမှသူစိမ်းတွေလို မရှိခဲ့ဘူး၊
သူတို့ အိမ် တွေလို ဘယ်အိမ်မှာစားစား
ဘယ်အိမ်မှာ အိပ်အိပ် အဆင်ပြေတယ်၊
နောင်တချိန် သူတို့နှစ်ယောက်ကိုပေးစားပြီး မိသားစုနှစ်စုစည်းလုံးညီညွတ်ကြမည်
ဆိုပါက ပိုပြီးတော့ပင် နီးကပ်လာကြဦး
မယ်၊ဒီထက်ပိုပြီးရိုးရှင်းကောင်းမွန်တာ
လည်းမရှိတော့ဘူးလေ။

ငယ်စဥ်ကတည်းက အယ်ဖာ တစ်ယောက်,
နောက်တချိန် အိမ်ထောင်ဦးစီး ဖြစ်လာမည့်ကုတျန့်ကသူ့ကိုယ့်သူအမြဲတမ်းတန်ဖိုးရှိအောင်နေခဲ့တယ်၊ထို့အပြင်သူကသူ့ကိုယ်
သူ စည်းမျဉ်းတွေကိုလည်းချမှတ်ထားသေးတယ်၊ ပထမစည်းမျဥ်းက

မင်းရဲ့ပရိုမုန်းလေးကချိုတယ်(ဝတ္ထုတို)CompleteWhere stories live. Discover now