အပိုင်း(၁)

40 6 0
                                    

တီတီ....တီတီ...တီတီတီတီ......

အလင်းရောင်ကောင်းကောင်းမပွင့်သေးတဲ့ မနက်ခင်းတစ်ခုမှာ ကျယ်လောင်စွာထွက်ပေါ်လာတဲ့ နှိုးစက်သံကြောင့် သွဲ့ရွှန်း အိပ်မှုန်စုံမွှားနဲ့အိပ်ရာပေါ်မှာ ထထိုင်မိလိုက်တယ်။
မျက်လုံးနှစ်လုံးကိုတော့မဖွင့်ရသေးပါ။

သွဲ့ရွှန်း အနည်းငယ်စဥ်းစားသွားမိသည်။
ငါဘာလို့ နှိုးစက်ပေးထားရတာလဲ။
ဘာလုပ်စရာရှိလို့ပါလိမ့်။

နည်းနည်းလောက်စဥ်းစားပြီးတော့မှ.......သေစမ်း!
သွဲ့ရွှန်းမေ နင်ဒီနေ့ကျောင်းတက်ရမှာလေ!

ထိုအခါမှ သွဲ့ရွှန်း စောင်ပင်မခေါက်နိုင်ဘဲ အိပ်ရာပေါ်ကအမြန်ဆင်းပြီး ရေချိုးခန်းထဲပြေးတော့သည်။
သွားအမြန်တိုက်၊ ရေအမြန်ချိုး၊ အိမ်နေရင်းအ၀တ်အစားများကိုသာ ၀တ်ပြီးအောက်ထပ်ကို ဆင်းလာလိုက်တော့သည်။

အောက်ရောက်တော့ မေမေအခုမှ ထမင်းအိုးတည်တုန်းရှိသေး။

"မေမေ"

"ဘာတုန်းအေ.... အစောကြီးဘာထလုပ်တာလဲ?"

"မစောပါဘူး မေမေရဲ့  ဟိုလှည့်သည်လှည့်နဲ့ပဲ ၇နာရီထိုးသွားမှာ။ သမီး အိပ်ရာနိုးလာတာမေမေမသိဘူးမလား။"

"ညည်းခြေသံကြီးကို မကြားဘဲနေပါ့မလား။ ၀ုန်းဒိုင်းကိုကြဲလို့"

သွဲ့ရွှန်း မေမေသိနေမှန်းသိပါသော်လည်း တမင်မေးလိုက်ခြင်းသာ။ သူ့ခြေသံကြီးကို တစ်ရပ်ကွက်လုံးကြားနိုင်မှန်း သွဲ့ရွှန်းသိတာပေါ့။

"ဟီးဟီး အဲ့လောက်မကျယ်ပါဘူးနော်။
မနက်စာကဘာစားရမှာလဲ မေမေ။"

"နေပါဦး မိရွှန်းရယ်။ အခုမှ ၆နာရီပဲရှိပါသေးတယ်။ ဟိုနှစ်ယောက်နိုးလာမှ ထမင်းကြော်ပေးမယ်။
အဲ့ဒါမှ ပူပူလေးစားလို့ရမှာ။"

"နောက်ဆယ့်ငါးမိနစ်နေရင် သွားနှိုးလိုက်ရတော့မလား မေမေ။"

"အင်း နှိုးလိုက်တော့။ ကျောင်းကားကဘယ်အချိန်လာမယ်မှန်းမသိဘူး။ တော်ကြာနောက်ကျနေမယ်။"

"ဟုတ်"

သွဲ့ရွှန်းအပေါ်ကိုပြန်တက်ကာ ကျောပိုးအိတ်ထဲကိုလိုအပ်တာတွေ ထည့်ပြီးပြီလား ပြန်စစ်နေလိုက်တော့တယ်။

Start With YouWhere stories live. Discover now