အပိုင်း (၄)

6 2 0
                                    

"ဒါဆို နင်ပြောလိုက်ပြီပေါ့။"

"ဟုတ်တယ်။ နောက်လည်း
ပြောမှာပဲဟာကို အရမ်းကြာသွားရင်
ပိုစိတ်ဆိုးမလားလို့လေ။"

"အေးပါလေ။ ငါကတော့ သူမေ့သွားလောက်ပြီလို့ပဲ
ထင်တယ်နော်။ ငါဆိုလည်း တစ်ရက်လောက်ကြာရင် အမှုမဲ့အမှတ်မဲ့နဲ့ မေ့သွားမှာ။ သိပ်လည်းစိုးရိမ်မနေနဲ့။ သူစိတ်ဆိုးရင်လည်း ငါကူပြောပေးမယ်။"

"အင်းပါ...."

မနေ့ညက သွဲ့ရွှန်း စာပို့ပြီးနောက်ပိုင်း
မြသက်ချိုဆီက ပြန်စာကိုစောင့်နေပါသေးသည်။
သို့သော် ပို့ထားတာကိုဝင်ကြည့်ထားပြီး
စာမပြန်တဲ့အပြင် လိုင်းပါဆင်းသွားသည်။

ခဏကြာတော့ မြသက်ချိုအခန်းထဲဝင်လာသည်။
မရယ်၊မပြုံးဘဲ ခပ်တည်တည်ပင်။
သူ့ထိုင်ခုံမှာဝင်ထိုင်ပြီး လွယ်အိတ်ကိုချွတ်နေသည်။
သွဲ့ရွှန်းတို့ကို စကားမပြောသလို ကြည့်လည်းကြည့်မနေပါ။ သေချာတာတော့ သွဲ့ရွှန်းကအရင်စပြောရတော့မှာပေါ့။

"မြသက်ချို....ငါမနေ့ကတုန်းကပြောထားတာလေး....
အဲ့ဒါနင်စိတ်ဆိုးနေလား။"

မြသက်ချိုက ချက်ချင်းပြန်မဖြေဘဲ
ဘောပင်အိတ်ကိုအရင်ထုတ်ပြီးမှ သွဲ့ရွှန်းတို့ဘက်ကို
လှည့်လာသည်။

"မဆိုးပါဘူး။ မတော်တဆပဲလေ။
ပြီးတော့ တော်ရုံကိစ္စတွေဆို ငါကမှတ်ထားလေ့မရှိဘူး။ ဘာမှလည်းအနာတရဖြစ်သွားတာမှ
မဟုတ်တာ။"

"အဲ့ဒါဆို တော်သေးတာပေါ့။"

သွဲ့ရွှန်းက အတော်လေးချော့ရမယ်ထင်ထားပေမယ့်
အခုတော့ တခြားစီပင်။ တုံးတိပြောချလိုက်တာကြောင့် သွဲ့ရွှန်းလည်းဆက်ပြောစရာမလိုတော့။
တစ်မနက်လုံး သွဲ့ရွှန်းတို့ကို လိုမှစကားပြောပြီး
သူ့အလုပ်သူသာ လုပ်နေသည်။
သွဲ့ရွှန်းတို့က စကားစရင်လည်း သူကလိုသည်ထက်ပိုမပြောပါ။ နဂိုကတည်းက သည်လိုပဲပြောနေကျမို့လို့ထင်သည်။ နေ့လယ်ထမင်းစားချိန်ရောက်တော့
မုန့်ဈေးတန်းသို့လိုက်ခဲ့ရန် အတင်းခေါ်ရသည်။

"မြသက်ချို ကျောင်းတစ်ပတ် ပတ်မယ်လေ။"

မြသက်ချိုကို
သွဲ့ရွှန်းက ပြောလိုက်သည်။ ထမင်းချိုင့်ကို ခြင်းတောင်းထဲရောက်အောင်ထည့်ပြီးမှ
သွဲ့ရွှန်းတို့ဘက်ကို လှည့်လာသည်။

Start With YouWhere stories live. Discover now