Episode - 1

45 1 0
                                    

Unicode

အချစ်ဆိုတဲ့ အရာက တကယ်ကို ဆန်းကျယ်လွန်းလှပါတယ်.. ။  အဲ့အချစ်ကပဲ လူတစ်ယောက်ကို အတိုင်းအစမသိ ပျော်ရွှင်စေသလို ၊ လူတစ်ယောက်ကို သတ်နိုင်‌ရလောက်အောင်ထိလည်း အဆိပ်ပျင်းတဲ့ အရာတစ်ခုပဲ.. ။  ပျော်ရွှင်စေသလို နာကျင်မှု့တွေကိုလည်း ပေးသေးတယ် ။

လူအချို့ကကြတော့လည်း မချစ်သင့်တဲ့ လူကိုမှ ချစ်မိတက်ကြပြန်တယ်.. ကျတော် အပါအဝင်ပေါ့ ။

အချိန်တွေကိုသာ ပြန်ရစ်လို့ရမယ်ဆိုရင်လေ သိပ်ကောင်းမှာပဲ.. ။ တကယ်လို့များ ဖြစ်နိုင်ရင် မင်းက ဒီလောကကြီးထဲမှာ ရှိနေတဲ့ လူသားတစ်ယောက်ဆိုတာကိုတောင် ငါ မသိသေးတဲ့ အချိန်ကို ပြန်သွားချင်မိတယ် ။

ငါထင်ခဲ့မိတာ.. မင်းလည်း ငါ့ကြ နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ် သဘောကျမယ်လို့ပေါ့.. ။ ဒါပေမဲ့ နောက်ဆုံးကြ ဘာဖြစ်လို့များ မင်းရွေးချယ်တဲ့သူက သူမ ဖြစ်နေရတာလဲ ။

မင်း ရွေးချယ်ခဲ့တဲ့ သူမကလည်း ရွေးချယ်ချင်စရာကောင်းပါတယ် ။  သူမ မျိုးရိုးက ကောင်းတယ် ၊ ချမ်းသာကြတယ် ။  သူမရဲ့ ရုပ်ရည်ကလည်း ကြည့်ကောင်းတဲ့ထဲမှာ ပါတယ် ။ သူမက အားလုံးပြည့်စုံတယ် ။

ဒါပေမဲ့ ငါလည်း ပြည့်စုံပါတယ်.. ၊ ငါက.. ငါက ဒီတိုင်း ဖေဖေ့ဆီမှာ မနေပဲ ခွဲထွက်လာလို့သာ ဒီတိုင်း.. ဝင်ငွေနည်းနေတာပါ ။ တကယ်လို့ ငါ ဖေဖေ့ဆီက ထွက်မလာပဲ ဖေဖေ့ အမွေတွေကို ဆက်ခံထားတဲ့သူ ဖြစ်နေတယ်ဆိုရင်ရော ရွေ့ဇိုင်းခ ငါ့ကို ရွေးချယ်လောက်မလား.. ။  အာ.. မှားနေပြီ အခု ငါ ဇိုင်းကို ငွေနဲ့ တန်ကြေးဖြတ်နေသလိုပဲ ။

ငါ့ရဲ့ ဖြစ်တည်မှု့ကြီးကို မုန်းလိုက်တာ.. ။  တကယ်လို့များ ငါသာ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့မယ်ဆိုရင်ရော မင်း ငါ့ကို ရွေးချယ်လောက်မလား.. ။ 

" ဟူးး "

ချစ်သောလျှံ တစ်ယောက် သက်ပြင်းရှည် တစ်ခု ချလိုက်မိတယ် ။ သူလက်လွှတ်ဖို့ ကြိုးစားပင်မဲ့ သူမလုပ်နိုင်ဘူးဖြစ်နေတယ် ။ နောက်ဆုံးအကြိမ်လောက်ဖြစ်ဖြစ် ရွေ့ဇိုင်းခ နဲ့ စကားပြောချင်သေးတယ်.. ။  ရွေ့ဇိုင်းခသာ သူ့ကို မုန်းတယ်ဆိုရင် သူစိတ်ပိုင်းဖြတ်ပြီး ထွက်သွားလိုက်မှာ ။

You've reached the end of published parts.

⏰ Last updated: Sep 06, 2022 ⏰

Add this story to your Library to get notified about new parts!

09 × 10 or 10's09Where stories live. Discover now