ဆော့ဂျင်အိမ်ကိုပြန်ရောက်တော့ မိုးချုပ်လုနီးနီးပင်ဖြစ်နေချေပြီ။
အနှိပ်စက်ခံထားရတဲ့အတွက် တစ်ကိုယ်လုံး နာကျင်နေတာကြောင့် အရင်ဆုံး လွယ်ထားတဲ့ လွယ်အိတ်ကို စာကြည့်စားပွဲပေါ်တင်လိုက်ကာ ကောက်ရလာတဲ့ စာအုပ်ကိုတော့ စာအုပ်စင်ရဲ့အပေါ်ဆုံးမှာတင်ထားလိုက်ပြီးမှ ရေချိုးရန်ပြင်ရသည်။
ပုံမှန်ဆို ရေကို ဇိမ်ခံ၍ ချိုးတတ်တဲ့ဆော့ဂျင်က ဒီတစ်ခေါက်မှာတော့ ရေကိုပုံမှန်ထက် မြန်မြန်ချိုးနေမိသည်။
ရေချိုးရင်းနှင့် အတွေးထဲရောက်လာသည့် ကောက်ရလာတဲ့ ထိုစာအုပ်က သူ့ကိုဖတ်ချင်လာအောင် လှုံ့ဆော်နေသည်ဟု ခံစားနေရတဲ့အပြင် သူကိုယ်တိုင်ကလည်း ထိုစာအုပ်ကို ဖတ်ချင်သည့်စိတ်ကလည်းများနေ၏ထို့ကြောင့် ရေချိုးခြင်းကို အမြန်လက်စသတ်ကာ အခန်းထဲဝင်ပြီး အဝတ်အစားအမြန်လဲရသည်။
ပြီးတာနဲ့ စာအုပ်ကို အမြန်ကောက်ကိုင်လိုက်ကာ
"ဟင်း...ငါ ရေတောင်သေချာမချိုးလိုက်ရဘူး။မင်းကိုဖတ်ချင်လွန်းလို့ ငါ့မှာ ရေကိုအမြန်ချိုးရတယ်။တကယ်ပဲ မင်းမှာ မှော်အစွမ်းတွေရှိနေတယ်လို့တောင် ထင်ရတယ်"
ထုံးစံအတိုင်း ဆော့ဂျင်တစ်ယောက် စာအုပ်ကို စကားပြောရင်းနဲ့ တပ်နေကျ မျက်မှန်အထူကြီးအားတပ်လိုက်ပြီး စာအုပ်ရဲ့ မျက်နှာဖုံးကို တစ်ချက်ပွတ်သပ်လိုက်ကာ
"မင်းနာမည်ကလည်း တစ်မျိုးပါလား!
နန်းတော်ကို ဇောက်ထိုးလုပ်မယ် ဆိုပဲ"ဆော့ဂျင်က စာအုပ်အဖုံးမှာ ဖောင်းကြွစာလုံးများနဲ့ ရေးသားထားတဲ့ စာအုပ်ရဲ့ နာမည်ကို လက်ညှိုးထိပ်လေးနဲ့ လိုက်လံထိတွေ့ရင်းကနေ သဘောတကျရယ်လိုက်မိသည်။
ဘယ်လိုစာရေးဆရာက ဒီလိုနာမည်မျိုးပေးထားပါလိမ့်
သေချာတာတော့ ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်ဟာ အတော်လေး အငြိမ်မနေတဲ့သူဖြစ်ရမယ်။နန်းတော်ကိုတောင် ဇောက်ထိုးလုပ်မယ်ဆိုတော့လေ..
ဆော့ဂျင်ကတော့ စာအုပ်နာမည်ကိုဖတ်မိတာနဲ့တင် ဟာသဇာတ်လမ်းတစ်ပုဒ်ပဲဟု တွေးမိကာ စိတ်ထဲ အနည်းငယ်ပင် ပျော်လာရသည်။
YOU ARE READING
OMG! I'M TRAPPED IN THE NOVEL!? [KOOKJIN]
ФанфикJEON JUNGKOOK & KIM SEOKJIN Book cover by @Haitang_blossom🍂 {ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။}