***ကြောင်မလေးတစ်ကောင်ရဲ့ သေးငယ်တဲ့တောင်းဆုလေး***
ကြောင်လေးတစ်ကောင်ရှိတယ်။
သူ့နာမည်က မဲတူတဲ့။မဲတူကတကယ်တော့ အမည်းရောင်တွေချည်းပဲမဟုတ်ပါဘူး။အမည်းရောင်အမွေးတွေအပေါ် အဝါရောင်တွေက ကွက်တိကွက်ကြားနဲ့ ခြေဖမိုးလက်ဖမိုးလေးတွေက အဖြူရောင်။ပြီးတော့ စူးရှတဲ့ စိမ်းဝါရောင်မျက်လုံးတွေရယ်.....။မဲတူကို ရေမြောင်းပုတ်တွေပိန်းပင်ပိန်းရွက်တွေနဲ့ထူထဲနေတဲ့ ရပ်ကွက်တစ်ခုရဲ့အိမ်နောက်ဖေးကြားလေးထဲမှာမွေးခဲ့တယ်။မွေးချင်းတွေကတော့ လေးကောင်ရှိပေမဲ့ အခုတော့မဲတူတစ်ကောင်တည်းပဲကျန်ခဲ့တော့တာပေါ့။သြော်.....မဲတူက ကြောင်မလေးနော်။
မဲတူက တစ်နှစ်လောက်လမ်းကြားတွေထဲမှာ ကြွက်ခုတ်ရင်း၊အိမ်တွေကလွှင့်ပစ်တဲ့ထမင်းကျန်ဟင်းကျန်တွေကို ခွေးတွေနဲ့အတူလုယက်စားသောက်ရင်းနဲ့ကြီးပြင်းလာခဲ့ရတယ်။ခွေးကိုက်ရာတွေကလည်း သူ့ကိုယ်ပေါ်မှာတစ်ပုံတပင်ပါပဲ။သူလိုချင်ခဲ့တာ တခြားကြောင်တွေလိုမျိုး ခေါင်းကလေးတိုးဝှေ့ချွဲနွဲ့လို့ရမဲ့သခင်တစ်ယောက်။
မဲတူကံကောင်းခဲ့ပါပြီ။ကလေးတွေကို စာသင်ပေးနေတဲ့စေတနာကောင်းမယ်လို့ထင်ရတဲ့ အသက်ကြီးကြီးဆရာမတစ်ယောက်က သူ့ကိုအစာကျွေးခဲ့တယ်။သူသိပ်ပျော်တာပေါ့.....သခင်တစ်ယောက်ရတော့မှာလေ။ဒါပေမဲ့သခင်က သူခေါင်းကလေးတိုးဝှေ့ပြီးချွဲနွဲ့တာကိုမကြိုက်ဘူးထင်တယ်။သူအနားကပ်တိုင်းအော်လွှတ်တာ.....။ဒါပေမဲ့ အဆင်ပြေပါတယ်။မိုးလုံလေလုံ ဒီအိမ်လေးထဲမှာနေရတယ်။တစ်နေ့တစ်ခါ အစာပုံမှန်စားရတယ်။အဲ့ဒီကျေးဇူးတွေအတွက် ဒီအိမ်ကိုဒုက္ခပေးနေတဲ့ကြွက်တွေကို မဲတူကခုတ်ပေးခဲ့တာပေါ့။
ဒီလိုနဲ့မဲတူက လျှောက်သွားတယ်။အိမ်ပြန်ထမင်းစားတယ် ကြွက်ခုတ်ပေးတယ်။တစ်နေ့တော့ မဲတူကိုယ်ဝန်ရလာပါလေရော.....။နှစ်လတာကိုယ်ဝန်ဆောင်ချိန်က ကြာသလားမကြာသလားမသိ။နို့ကလေးတွေဆူလာတဲ့မဲတူမှာတော့ မွေးဖွားလာတော့မဲ့ရင်သွေးလေးတွေကိုတွေးတွေးပြီးကြည်နူးနေရတာပါပဲ။
BẠN ĐANG ĐỌC
ကြောင်မလေးတစ်ကောင်ရဲ့သေးငယ်တဲ့တောင်းဆုလေး[Completed]
Truyện Ngắn[One Shot Completed] Unicode and Zawgyi ================ Unicode --------- လေလွင့်ကြောင်ကလေး၊ခွေးကလေးများ သခင်ကောင်းရသွားပါစေရန် ရည်ရွယ်၍။ ။ *ဝါသနာအရမို့ အရေးအသားနုပါတယ်ရှင့်။ကြိုးစားနေဆဲမို့ အရေးသားပိုင်းနဲ့ပတ်သတ်ပြီး ပိုင်နိုင်စွာမဖော်ပြနိုင်ခဲ့တ...