Part-1

5.8K 147 0
                                    

For Uni


"မေမေရေ မြန်မြန်လုပ်လေ .. အလှူမမှီပဲနေမယ်"

"အေမလး ပြီးပါပြီသားရယ်။ လောလိုက်ချည်ရော.."

"အားနာစရာတြွေဖစ်ကုန်မယ်ဆိုးတာပါဗျာ၊ ပြီးရင်သွားကြမယ်လေ လာလာ.."

ရာဇာတို့ကားလေးသည် ဖုန်လုံးတစ်လိမ့်လိမ့်ဖြင့် မြေနီလမ်းလေးအားဖြတ်ကာ သိဒ္ဓိထိပ်ခေါင် ရွာလေးသို့ဆိုက်ရောက်လာသည်။

ရာဇာမျိုးနွယ်သည် ကျောင်းဆရာတစ်ယောက်ဖြစ်ကာ သိဒ္ဓိထိပ်ခေါင်ရွာ၏ နှစ်ရွာကျော်တွင်နေထိုင်သော ရွာသူဌေးတစ်ဦးလဲဖြစ်၏။

"ဟာ .ဒေါ်နွယ်ရိုးရာတို့တောင် ရောက်လာပြီကိုး ..ကြွပါဗျ"

"ဟုတ်ကဲ့ရှင့်"

မေမေသည် ပျဉ်ထောင်အိမ်ပေါ်သို့ဦးစွာတက်သွားသည်နှင့် သူသည်လဲနောက်မှလိုက်ကာ တက်ခဲ့တော့သည်။

"ဒါက နွယ့်သားလေး ရာဇာမျိုးနွယ်လားကွဲ့..အတော်တောင်ထွားလာတာပဲ"

မေမေ့၏သူငယ်ချင်းဖြစ်ဟန်တူသည့် ထိုအမျိုးသမီးသည် ရာဇာအားကြည့်ကာ ပြုံး၍ပြောနေ၏။

"မြ .. မြသားလေးကရော ဘယ္မလဲ မေတြ့မိပါလား"

"သားကေတာ့လား ရွာရဲ့ကာလသားခေါင်းဆောင်ဖြစ်ကတည်းက အိမ်ကပ်တယ်မရှိပါဘူးလေ၊ အခုလိုအလှူရက်တွေဆိုပိုဆိုးပါတယ် နွယ်ရယ် .."

"ဗျို့ ! အေမေရ ကျုပ်ပြန်ရောက်ပြီနော့်"

"ဟော ..ပြောနေရင်းကိုပြန်လာပြီရှင်"

ရာဇာသည်လဲ ဘာရယ်မဟုတ် အသံလာရာ အိမ်ရှေ့ဆီသို့ အကြည့်ပို့လိုက်မိသည်။ ကျစ်လစ်သည့် ခန္ဓာကိုယ်နှင့် တောင့်တင်းသည့် ကြွက်သားတို့သည် ေချွေးသံရွှဲရွှဲနှင့် ထိုအမျိုးသားအား ကြည့်ရသည်မှာ အကျဉ်းမတန်စေပါပဲ ပျိုမဒီတို့အား ဆွဲဆောင်သည့်ဘက်သို့ပင် ပို၍အားသာနေသည်။

ရာဇာသည်လဲ အမြင်ကပ်စွာဖြင့် အရှေ့ရှိ မိဘများထံသို့ အကြည့်ပြန်ပို့မိသည်။ သူကြည့်သလို မေမေသည်လဲ ငေးကြည့်သည်ထင်ပါရဲ့ ..။ ထိုမျက်နှာရူး၏ အကြောင်းသည် မေမေတို့စကားဝိုင်းအတွင်းသို့ ဝင်ရောက်လာ၏။ သူသည်လဲ မည်သို့ကြောင့်ပင် ထိုလူအားမျက်နှာရူးဟု ခေါ်မိခြင်းမသိတော့ပေ။

'မောင့်ရာဇာ'(Complete)Where stories live. Discover now