Part-2

1.8K 80 0
                                    

For Uni

အချိန်တစ်ခုအကြာတွင်တော့ နောင်ရိုးသည် အိမ်သို့ပြန်ရောက်လာ၏။

"ကိုရာဇာ မစားရေသးဘူးလားဗ်"

"အင်း မဆာသေးလို့ မစားသေးတာ"

ခင်ဗျားကိုစောင့်နေလို့ မစားဖြစ်သေးတာလို့တော့ ရာဇာဖွင့်ပြမပြောပါ။ သူကိုယ်တိုင်ပင်လဲ ဝန်မခံချင်။ ထိုအမျိုးသားကျမှပင် ..။

"ဟာဗ်ာ .. လာမစားရသေးရင် ကျုပ်နဲ့အတူစားကြမယ်၊ ကျုပ်လဲမစားရသေးဘူး"

"အင်း .."

ရှေ့သို့ရောက်လာသည့် လက်ဖက်ရည်ခွက်လေးအား ဒီတစ်ခါတွင်တော့ ရာဇာမငြင်းပါပဲ ယူသောက်မိသည်။ အင်း ..ချိုချိုလေးနဲ့ လျှာပေါ်မှာစွဲသွားစေသည်။

"ကိုရာဇာ မုန့်တွေလဲစားလေဗျာ"

ရှေ့သို့ရောက်လာသည့် မုန့်ပန်းကန်လေးအား သူကြည့်မိသည်။ ကောက်ညှင်းပေါင်း၊ အကြော်စုံနှင့် မုန့်ဖက်ထုတ်တို့သည် ရွာဓလေ့ အကောင်းဆုံးသော မနက်စာများပင်။

"မကြိုက်လို့လားဗျ"

မုန့်ပန်းကန်အားကြည့်ကာ တစ်ချက်မျှမထိသေးသော ရာဇာအား နောင်ရိုးမေးလိုက်သည်။

"မဟုတ်ပါဘူး၊ အကြိုက်ဆုံးတွေပါ"

"ဒါဆိုစားလေ၊ ဘာလိုလို့လဲ"

"မဟုတ်ပါဘူး၊ စားမယ်"

ကောက်ညှင်းထုတ်တစ်ခုအားယူကာ စားလိုက်သည်။ထိုအခါမှ နောင်ရိုးသည်လဲ စိတ်အေးသွားဟန်ဖြင့် သူနှစ်သက်ရာမုန့်အားယူကာ စားနေသည်။

အားလုံးစားသောက်ပြီးသည့် အချိန်တွင်တော့ နောင်ရိုးက မုန့်ပန်းကန်အားသိမ်းကာ အထဲတွင်သွားထား၏။

"ဒီနေ့ ရွာထဲလျှောက်ပတ်ကြည့်မှာနော့်"

မီးဖိုချောင်မှ ထွက်လာသော နောင်ရိုးသည် သူ့အားကြည့်ကာဆိုသည်။

"အင်း ..အားရဲ့လား"

"ကျုပ်ကအားပါ့ဗျာ၊ အားတာမြ အားအား အားအားနဲ့တောင် မြည်နေသေးတယ်"

ကလူကျီစယ်သည့်အသံဖြင့်ဆိုတော့ ရာဇာကဘေးဘီအားဝေ့ကြည့်ကာ ..

'မောင့်ရာဇာ'(Complete)Where stories live. Discover now