If we had real love 💔
(ကိုယ်တို့မှာသာ အချစ်စစ်တွေရှိခဲ့ကြရင်)Short Story 🖤
>>>>>>>>>>>>>>>>>>>>>>>>>>>
(6နှစ်ဆိုတဲ့ အသက် ကာလအပိုင်းအခြားတစ်ခုမှာအချစ်ဦးကိုတွေ့ရှိခဲ့သည်
အတန်းချင်းတူသော်ငြား အခန်းချင်းမတူသည်မို့ ခနတာတွေ့ရယုံနှင့်ပင်ကျေနပ်ခဲ့ရသည်
ဘာမဟုတ်တဲ့ အလေးပေးမှုလေးတွေကအစရင်ခုန်ခဲ့ရသူ
ရူးမိုက်စွာဆက်ချစ်ရင်း 8နှစ်ဆိုတဲ့အတိုင်းအတာထိဆက်ချစ်ရတာ ကြာမှန်းတောင်မသိခဲ့ပါ)(စိတ်နာလို့စိတ်နာရေကာင်းမှန်းမသိတဲ့
ေကာင်ေလး
သိပ်ကိုရိုးအလွန်းတဲ့ကောင်လေး က
အချစ်ဆိုတဲ့ နာကျင်ခြင်းကိုတော့
ကျမ်းကျေအောင် နားလည်သည်တဲ့)(နာကျင်ခြင်းများ၏ အစကိုပြန်သွားကြည့်ကြမည်ဆိုပါက မလှပသောအတိတ်ဆိုးတို့ကအကျည်းတန်နေပါလိမ့်မည်)
"ဟဲ့ လွန်း"
"အင်း"
"ဟိုဘက်ခန်းမှာ ကျောင်းသားသစ်ရောက်တယ်တဲ့"
"ဟုတ်လား"
"နင်ကလဲဟာ အဆင်လေးနော် ငါတော့ကြွေနေပြီ"
"နင်ကလဲ ဘူးဖို့ပဲသိတယ် တကယ်"
"ငါကဘူးတာမဟုတ်ဘူး လွန်း ရဲ့ သူကအသေချောတာပါဆို"
"ဟဲ့ အနောက်ဆုံးတန်းက2ကောင် ဘာတွေပြောနေတာလဲ အခန်းပြင်မှာသွားရပ်နေသွား"
"ဟုတ်"
"အဲ့တာနင့်ကြောင့် မသာမ"
"ဟာ ငါကပြောပြတာလေ"
"တော်စမ်းပါ"
"ဟဲ့ဟဲ့ ဟိုအခန်းထဲကထွက်လာတယ် တွေ့လားအဲ့တစ်ယောက်"
(အကျီအဖြူလက်ရှည်နဲ့ အစိမ်းရောင်ပုဆိုးကို၀တ်ဆင်ထားသူ
အသားအရည် ကဖြူလွန်းသည်ဟုထင်
နေရောင်ထဲတွင်တစ်မျိုး တောက်ပနေပြန်ပါ၏
မျက်ခုံးထူထူ မကျဉ်းမကျယ် မျက်၀န်းတို့နှင့် အချိုးကျသော နှုတ်ခမ်းသား
နောက်ပြီး အကြောတွေထောင်နေတဲ့
လက်အစုံနဲ့သူ့ရဲ့ကိုကို)
YOU ARE READING
" အကယ်၍ကိုယ်တို့အချစ်တွေသာစစ်ခဲ့ရင် " (One Short )
Truyện Ngắn" ချစ်လွန်းလို့မှားခဲ့တဲ့အမှားပါလွန်းငယ် ဒီအမှားက ကိုယ်တို့ဘ၀တွေကို အဝေးဆုံးအခြေအနေတွေ အထိ တွန်းပို့လိုက်လိမ့်မယ်လို့ ကိုယ်မထင်ထားခဲ့လို့ပါ " #မာနဂုဏ်မာန် ~~~~~~~~~~~~~~~~~~~~~~~~~ " ကိုကို့ကို သိပ်ချစ်လို့ကိုကိုပြောသမျှခေါင်းငြိမ့်ပြီး ယုံပေးခဲ့တ...