၂၀၂၂၊ စက်တင်ဘာလ ၁၉ ရက်
အချိန်ရာသီလည်ပါတ်မှုတွေရဲ့ တိုက်စားမှုကို ဘယ်လိုအစိုင်အခဲမျိုးကများ တောင့်ခံနိုင်မလဲ........
တကယ်တမ်း အချိန်တွေကုန်သွားလို့ တစ်စုံတစ်ယောက်ကို မေ့လို့ရမယ်ဆို ဘာလို့ကျွန်တော်သူ့ကို သတိရနေသေးလဲ.......
ဝိုင်းစက်စက် မျက်လုံးလေးတွေရဲ့ အကြည့်တွေကို အလွတ်ရနေတုန်း.......
ပစ်စလတ်ခတ်ပြုံးပြီး ကလေးပီပီ မဆင်မခြင်ပြောတာလေးတွေတောင် တွေးမိလိုက်တိုင်း နှစ်လိုဖွယ်ကောင်းတုန်း......
ခပ်ချွဲချွဲခေါ်တတ်တဲ့ နာမ်စားလေးကိုအခုထိသတိရမိတုန်း......
ရေးလက်စဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်ပြီး မျက်ရည်စို့နေတဲ့ မျက်၀န်းအစုံကိုပွတ်သပ်လိုက်သည်။
မငိုခဲ့တာဘယ်လောက်ကြာပြီလဲ?
ဒိုင်ယာရီစာအုပ်ရဲ့အနောက်ဘက်က ဓါတ်ပုံဟောင်းလေးတစ်ပုံကို ထုတ်ကြည့်လိုက် မိသည်။ ခေါက်ရာကျိုးနေတဲ့ ဓါတ်ပုံလေးကိုဖြန့်လိုက်တော့ အခိုက်အတန့်ပေါင်းများစွာ တစ်ခုချင်းပြန်ပေါ်လာသည်။
< ဦးကိုချစ်တယ် >
ဓါတ်ပုံနောက်ကလက်ရေးလေးကို ထိကြည့်လိုက်ရုံနဲ့ ထိုစာကိုရေးခဲ့သူရဲ့ နှလုံးသားကို ခံစားရသည်အထိ အမှတ်တရကောင်းတစ်ခုဖြစ်ခဲ့သည်။
"အကျဉ်းသား ၆၃၉၅ ဧည့်တွေ့လာတယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Zawgyi
၂၀၂၂၊ စက္တင္ဘာလ ၁၉ ရက္
အခ်ိန္ရာသီလည္ပါတ္မႈေတြရဲ႕ တိုက္စားမႈကို ဘယ္လိုအစိုင္အခဲမ်ိဳးကမ်ား ေတာင့္ခံႏိုင္မလဲ........
တကယ္တမ္း အခ်ိန္ေတြကုန္သြားလို႔ တစ္စုံတစ္ေယာက္ကို ေမ့လို႔ရမယ္ဆို ဘာလို႔ကြၽန္ေတာ္သူ႕ကို သတိရေနေသးလဲ.......
ဝိုင္းစက္စက္ မ်က္လုံးေလးေတြရဲ႕ အၾကည့္ေတြကို အလြတ္ရေနတုန္း.......
ပစ္စလတ္ခတ္ျပဳံးၿပီး ကေလးပီပီ မဆင္မျခင္ေျပာတာေလးေတြေတာင္ ေတြးမိလိုက္တိုင္း ႏွစ္လိုဖြယ္ေကာင္းတုန္း......
ခပ္ခြၽဲခြၽဲေခၚတတ္တဲ့ နာမ္စားေလးကိုအခုထိသတိရမိတုန္း......
ေရးလက္စဒိုင္ယာရီစာအုပ္ကို ပိတ္လိုက္ၿပီး မ်က္ရည္စို႔ေနတဲ့ မ်က္၀န္းအစုံကိုပြတ္သပ္လိုက္သည္။
မငိုခဲ့တာဘယ္ေလာက္ၾကာၿပီလဲ?
ဒိုင္ယာရီစာအုပ္ရဲ႕အေနာက္ဘက္က ဓါတ္ပုံေဟာင္းေလးတစ္ပုံကို ထုတ္ၾကည့္လိုက္ မိသည္။ ေခါက္ရာက်ိဳးေနတဲ့ ဓါတ္ပုံေလးကိုျဖန္႔လိုက္ေတာ့ အခိုက္အတန္႔ေပါင္းမ်ားစြာ တစ္ခုခ်င္းျပန္ေပၚလာသည္။
< ဦးကိုခ်စ္တယ္ >
ဓါတ္ပုံေနာက္ကလက္ေရးေလးကို ထိၾကည့္လိုက္႐ုံနဲ႔ ထိုစာကိုေရးခဲ့သူရဲ႕ ႏွလုံးသားကို ခံစားရသည္အထိ အမွတ္တရေကာင္းတစ္ခုျဖစ္ခဲ့သည္။
"အက်ဥ္းသား ၆၃၉၅ ဧည့္ေတြ႕လာတယ္"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
Thanatophobia (Mini Fanfic)
Fanfictionဉီးအသက်ကြီးသွားတဲ့အထိ ဉီးအနားမှာရှိနေမယ့်သူက ကျွန်တော်ပဲဖြစ်ချင်တယ်။ အဲ့အတွက် ကျွန်တော် ဘာကိုမှ ဂရုစိုက် မှာမဟုတ်ဘူး။ Barcode