Part 1 (Unicode)

498 42 10
                                    

၂၀၁၅ ခုနှစ် စက်တင်ဘာလ

"Barcode သားရေ"

"ဟုတ်ကဲ့အမေ"

"သားဒီမှာခဏနေခဲ့ဉီး အမေ အခန်းပိုင်ရှင်နဲ့သွားတွေ့လိုက်ဉီးမယ်၊ ပြီးကျမှ ပစ္စည်းတွေသယ်ကြတာပေါ့"

"ဟုတ်"

Barcode တို့အိမ်ပြောင်းလာတဲ့့နေ့ကျမှ မိုးဖွဲဖွဲရွာနေတော့သည်။ စိုထိစိုထိုင်းမိုးရာသီဆို Barcode သိပ်မကြိုက်........ငယ်ငယ်က အဖေနဲ့အတူ ပျော်ပွဲစားထွက်ခဲ့တဲ့ နေသာတဲ့နေ့ရက်တချို့ကိုပဲ Barcode သဘောကျသည်။

"သားရေ၊ Mae တို့ အထုပ်တွေသယ်ရအောင်"

အိမ်ပြောင်းဖို့အစအဆုံး စီစဉ်လျက်ရှိသော အမေဖြစ်သူမှာ တစ်ယောက်တည်းဗျာများနေသည်။

Barcode ကတော့ အထုတ်တွေကူသယ်ရင်းအမေ့နောက်လိုက်သွားသည်။

စိတ်မြန်လက်မြန်ရှိလှတဲ့ အမေက အရင်ဉီးဆုံးဓါတ်လှေကားထဲရောက်နှင့်ပြီးနောက် အမျိုးသားတစ်ဉီးနှင့်အတူရှိနေသည်။

အထုပ်တွေ မနိုင်မနင်းသယ်လာတဲ့ Barcode မှာ ဓါတ်လှေကားတံခါး မပိတ်ခင်အမီ ပြေးလာခဲ့ပေမယ့် မမီတော့ပါ။

"Shit!"

စိတ်ပျက်လက်ပျက်နဲ့ ပါးစပ်ကထွက်သွားတဲ့စကားတောင်မဆုံးလိုက်ပါ ဓါတ်လှေကားတံခါးပြန်ပွင့်လာသည်။

ဖြည်းဖြည်းချင်းပွင့်လာတဲ့ ဓါတ်လှေကားတံခါးနောက်ကွယ်က မျက်နှာတစ်ခုက Barcode ကိုငေးငိုင်သွားစေသည်။

ဆံပင်ရှည်ရှည်တို့ကို စည်းထားပုံပေါ်ပေမယ့် ဆံခြည်မျှင်တချို့က မျက်နှာပေါ်ကျနေပြီး စူးရှပြတ်သားတဲ့ မျက်၀န်းတို့နဲ့ အမျိုးသားတစ်ဉီးဟာ အရယ်အပြုံးလည်းမရှိပါပဲ မြင်မြင်ချင်း Barcode ရင်ထဲကို နွေးထွေးသွားစေသည်။

မိမိအတွက် ဓါတ်လှေကားတံခါး ကူဖွင့်ပေးခဲ့လို့လား? ဒီလောက်လေးနဲ့တော့ မဖြစ်နိုင်ဘူးလေ။

"သား ၀င်လေ ဘာရပ်ကြည့်နေတာလဲ"

ထိုလူရဲ့အနောက်ကနေ Barcode အမေဖြစ်သူ Lin က လှမ်းအော်တော့မှ Barcode တစ်ယာက် အသိစိတ်ကပ်သွားသည်။

Thanatophobia (Mini Fanfic)Where stories live. Discover now