Part-3

142 7 4
                                    

ထယ်ယောင်းနဲ့ဂျောင်ကုမနက်ခင်းတုန်းကရန်ဖြစ်ကြပြီးကတည်းက ဂျောင်ကုထွက်သွားခဲ့တာ အခုဆိုည10နာရီတောင်ထိုးနေပြီ အခုထိအိမ်ပြန်မလာသေးတာကြောင့်ထယ်ယောင်းတစ်ယောက် အလွန်စိတ်ပူနေလေတယ်
ကိုယ့်ကိုဘယ်လောက်ဘဲနှိပ်စက်ပါစေ ဘယ်လောက်ဘဲစကားလုံးကြမ်းတွေပြောပါစေ ကိုယ်ကချစ်နေရတဲ့သူမလား အဲ့တော့လည်းစိတ်ပူရတာပေါ့
ကိုယ်လည်းတစ်ခြားလက်ထပ်ပြီးသားစုံတွဲတွေလိုမျိုး ကိုယ့်ခင်ပွန်းနဲ့အေးအေးဆေးဆေးလေးနေချင်တာပေါ့
နေ့တစ်နေ့တာကို နူးညံ့တဲ့အနမ်းလေးတွေနဲ့စတင်မယ်
ကိုယ်ကမနက်စာလေးပြင်ပေးမယ် ပြီးရင်မောင်နဲ့အတူတူကျီစယ်စနောက်ကျရင်း မနက်စာကိုတူတူစားမယ်
မောင်company သွားခါနီးကျရင် မောင့်ကိုကားနားလေးထိလိုက်ပို့မယ် မောင့်နဖူးကိုအနမ်းဖွဖွလေးပေးမယ်
နေ့လည်ကျရင်လည်းမောင့်company မှာနေ့လည်စာကိုတူတူစားမယ်
ညနေရုံးဆင်းရင်လည်းတူတူပြန်လာကြမယ်
မောင်ကရေချိုးနေတုန်းသူကမောင့်အတွက်အဝတ်အစားတွေထုတ်ပေးထားမယ် မောင်ကသူထုတ်ပေးထားတဲ့ အင်္ကျီတွေ ဘောင်းဘီတွေကိုဝတ်မယ် ပြီးရင်ညစာတူတူစားကြမယ်
စားပြီးရင်ခြံထဲမှာ တစ်ယောက်လက်တစ်ယောက်တွဲထားပြီး လမ်းတူတူလျှောက်ကြမယ်
ညအိပ်ရာဝင်ခါနီးကျရင်လည်း သူကမောင့်ရင်ခွင်နွေးနွေးလေးထဲဝင်အိပ်မယ်
မောင်ကလည်းသူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖတ်ထားမယ်
ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်လဲ

ထယ်ယောင်းတစ်ယောက်သူတွေးနေရင်းနဲ့နာရီကိုလှမ်းကြည့်တော့11ပင်ထိုးခါနီးပြီ မောင်ကအခုချိန်ထိပြန်မလာသေးဘူး

တီ တီ  တီ

ဟောပြောနေရင်းနဲ့လာပါပြီ

သူလည်းအပြေးလေးခြံတစ်ခါးကိုသွားဖွင့်လိုက်တယ်

ကားပေါ်ကနေဆင်းလာတဲ့မောင်

သူလည်းမောင့်အနားကိုသွားလိုက်ပြီး

Th;မောင် တစ်နေကုန်ဘယ်တွေသွားနေတာတုန်း ယောင်းကစိတ်ပူနေတာ ယောင်းနဲ့မတွေ့ချင်ရင်တောင်မှ အိမ်ကိုတော့ပြန်လာပါမောင်ရယ်

Jk; ကျစ်! ကင်မ်ထယ်ယောင်းရာ နားညီးလိုက်တာကွာ
ပါးစပ်းပိတ်ထားစမ်းပါ ငါ့ကိုဆရာလာမလုပ်နဲ့ ငါပြန်လာချင်တဲ့အချိန်မှပြန်လာမယ် တောက်ခ်!

One day,you will love meWhere stories live. Discover now